Part.6:: လေပြည် ၏ စတင်ကျီစယ်ခြင်း

44.6K 5.4K 342
                                    

Zawgyi...

PART .6:: လေပြည် ၏ စတင်ကျီစယ်ခြင်း

" ဒုန်း " စားပွဲခုံပေါ် ဆောင့်ချလိုက်တဲ့ လွယ်အိတ်သံက ခုံပေါ် ဘေးစောင်းအိပ်နေတဲ့ ကျနော့်နားအူသွားစေသည် ။

သေချာပေါက် စိုင်းရှန်ဟတ် ပဲ ။ ဘာတွေစိတ်မကြည်နေလည်းမသိပေမယ့် အရေးကြီးတာက ကျနော့် ဘက်လှည့်မလာဖို့ ။ ညကလည်း လူနာစောင့်ပေးရလို့  အခုထိကျနော် အိပ်ရေးမ၀နိုင် ။ ဆရာ မ၀င်သေးတာကြောင့် ပြတင်းပေါက် ဘက်လှည့်ကာ ပြန်ငိုက်နေစဉ်

" ရှန်ဟတ် ညနေ ကျောင်းပြန် ဘတ်စကတ်ဘောသွားကစားရအောင်ကွာ "

အင်း ။ဒီအသံကအတန်းထဲက စိုင်းသီဟ အသံ ။စိုင်းရှန်ဟတ် နဲ့ အတွဲဆုံးဖြစ်ပြီး စိုင်းရှန်ဟတ်ဘာလုပ်လုပ် နောက်မှ ပါတတ်တာကြောင့် ရှန်ဟတ်နောက်လိုက်ခွေး လို့ လည်းခေါ်ကြသလို စိုင်းရှန်ဟတ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လို့ လည်းပြောတတ်ကြပြန်တယ်..။ ။ဒါပေမယ့်သူလည်း သူ့ ဟာနဲ့ သူ အတော်ဆိုးပေသည်ပင် ။ ကျနော်မှေးခနဲ ဖြစ်သွားပြန်တဲ့အချိန်

" လူသတ်သမားသားကိုကြည့်မနေနဲ့  ရှန်ဟတ်ရာ ပြောစမ်းပါ ။ "

ကျနော့်ကိုကြည့်နေပြန်တာလား ။ပြတင်းပေါက်မှ မျက်နှာလွဲ ဘေးခုံကို မသိမသာစောင်းငဲ့တဲ့အခါ စိုင်းရှန်ဟတ်ရဲ့ မျက်ဝန်းညို တွေနဲ့ ဆုံ သည်။ တကယ်ကြီး ကျနော့်ကိုကြည့်နေတာလား။ ပြတင်းပေါက်ကို ကြည့်နေတာလဲ ဖြစ်နိုင်တာပဲမလား။

" နောက်မှပေါ့ သီဟ ဒီနေ့ ငါ့မှာ တစ်ခြားပျော်စရာ ရှိနေတယ် ။ "

ကျနော့်ကိုကြည့်ပြီးသာ ပြောနေတဲ့စိုင်းရှန်ဟတ် ရဲ့ စကားအဆုံးမှာ သီဟကျနော့်ကိုစူးစူးးဝါးဝါးကြည့် တောက်တစ်ချက်ခေါက်လှည့်ထွက်သွားသည် ။အခုအခြေအနေက ကျနော် တစ်ယောက် ထဲ နားမလည်ဖြစ်နိုင်တာလား ။စိုင်းရှန်ဟတ်ကတော့ သီဟ အပြုအမူ ကို ဂရုမစိုက်သလ်ု ဒီဘက်လှည့်လာသည်။သူ ကျနော့်ကို ဘာလုပ်တော့မှာလဲ ။ပြတင်းပေါက်ကို အမြန်လွှဲလိုက်သည့် ကျနော့်မျက်နှာကို သူကခပ်တင်းတင်းဆွဲမော့သည်။

" နေ့ လည်ကြရင် ငါနဲ့ အတူ မုန့် စားချင်လား "

ဟမ်..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now