Part 1

5K 134 11
                                    

Zawgyi
နှိုင်းရအသဲကွဲနေ၏ အမှန်ဆုံးကိုပြောရလျှင်ကောင်လေးတစ်ယောက်အရုးလုပ်သွားတာဆိုပိုမှန်မည်ထင်၏
"တေးရတု" နာမည်ကိုတောင်မခေါ်ချင်လောက်အောင်မုန်းဖို့ကောင်းသောကောင် တနည်းအားဖြင့်ဖေဖေ၏သက်တော်စောင့် ဒီကောင်လေးကြောင့်သာမဟုတ်ရင်သူဒီလောက်နာကျင်စရာအကြောင်းမရှိ
လက်ထဲက ဖန်ခွက်ကို ဒေါသနှင့်ဆောင့်ချလိုက်သည်

"မြေခွေးလိုကောင် အယုတ်တမာ တောက်"

'ဟေ့ကောင်တော်တော့ကွာ ဖန်ခွက်ကြီးလဲကွဲဦးမယ် အသဲကွဲတာကကွဲတာပဲဒီလောက်နာကျင်စရာအကြောင်းမရှိဘူး ထင်ရှား  မင်း  သူငယ်ချင်းကိုခေါ်သွားလိုက်တော့

'အေး အေးဒါနဲ့ရူးသုံ ကိုကို့ ကိုဘယ်ခေါ်သွားရမှာလဲ "

'သူ့အိမ်ကိုလေကွာ"

'ဟာ မင်းကလဲဒီအချိန်သူ့အိမ်ခေါ်သွားရင်မင်းရောငါရောတရားတောင်အစွဲခံရလိမ့်မယ် သူ့အဖေအကြောင်းလဲမင်းသိသားနဲ့"

"ကျွတ် ဒါဆိုလဲငါ့အိမ်ပေါ့ကွာ မနက်ကျမှကြည့်ပြောရတော့မှာပေါ့ ဟူး"

ရူးသုံသက်ပြင်းသာချလိုက်ရပါတော့သည် ။

''စိတ်ညစ်ပါတယ်ဆိုနေမှချစ်သူကအသဲခွဲသွားတယ်ဟား ဟား ဟား ဟီး ဟီး ရတုရေမင်းကတော့ပျော်နိုင်ပေမယ့်ငါမပျော်နိုင်ဘူး"

'ဟေ့ကောင် ငြိမ်ငြိမ်လိုက်ကွာ"

'မလိုက်ဘူးကွာ"
"မင်းဘာသိလို့လဲရတုကငါ့ကိုလှည့်စားသွားတာကွ ဟီး....ဟီး လှည့်စားသွားတာ"

'ဟား ဟား ဒီအလွမ်းမင်းသားနဲ့တော့ခက်နေပြီ"

ထင်ရှားသည်ပြောလည်းပြော ရယ်လည်းရယ်ကာရူးသုံနဲ့ကိုကို့ ကိုကြည်ုပြီးလှောင်နေပါသည်။

"ထင်ရှားရာ ကူပြောပေးပါဟ   'ဒီကောင်မတိတ်ရင်
   မင်းရော ငါရောအိမ်ပြန်လို့မရဘူးနော်"

သူ့ခြောက်လှန့်မှုသည်တော်တော်ထိရောက်သွားသည်။ထင်ရှားသည် အိမ်ပြန်မရမှာကိုတော့ သေအောင်ကြောက်လေသည်။

" အေး အေး ဟေ့ကောင် နှိုင်းရ လောကမှာ ယောင်္ကျားဆိုတာ တစ်ခုထဲရှိတာမဟုတ်ဘူးကွ"

အချစ်မှာဘယ်သူမဆို (completed)(Z+U)Waar verhalen tot leven komen. Ontdek het nu