Zawgyi
ပြန်သည့်လမ်းတစ်လျှောက်လုံး နိဒါန်း မျက်နှာသည်
နေထိသော ပန်းအလား ညှိုးမှိုင်နေလေသည်။ဒါဟာ သူ့ကြောင့်ဆိုတာသူသိသည်။
အိမ်ပြန်ရောက်ချိန်အထိ သူ့ကို စကားတခွန်းမှမပြောဘဲ အိမ်ထဲဝင်သွားလေသည်။
ရှင်း နိဒါန်းကို လိုက်ကြည့်ရင်း နှိုင်းရက နှုတ်ဆက်သွားတာကိုပင် ကောင်းကောင်းမနှုတ်ဆက်လိုက်ရ။
နှိုင်းရကတော့ နိဒါန်းနောက်ကို လိုက်ကြည့်နေလေသော ချစ်သူကိုကြည့်ပြီး
စိတ်မချပုံဖြင့် ပြန်သွားသည်။ရှင်း အိမ်ပြန်ရောက်ကာ အနားယူ ရေမိုးချိုးပြီး
နိဒါန်းအိမ်ဘက်သို့ကူးခဲ့သည်။နိဒါန်းအခန်းနား ရောက်တော့ နိဒါန်းကိုချောင်းကြည့်သောအခါ သီချင်းနားထောင်နေလေသည်။
သူအခန်းထဲ ဝင်ခဲ့သည်။ နိဒါန်းက သူ့ကိုမြင်တော့
အံ့သြဟန်လည်း မပြ ပျော်ရွင်ဟန်လည်းမပြသီချင်းကိုသာ သည်းသည်းမဲမဲနားထောင်နေသည်။
" နိဒါန်း "
သူ ခေါ်လိုက်တော့သူ့ကို ခေါင်းမော့ကြည့်ကာ
ဘာလဲဆိုသော သဘောဖြင့် မေးဆတ်ပြလေသည်။" ဘာ သီချင်း နားထောင်နေတာလဲ"
" why not me"
ရှင်းရင်ထဲ စိတ်မကောင်းဖြစ်သွားသည်။
သူ့သူငယ်ချင်း သူ့အတွက် ခံစားနေရသည်။
သူ ကလည်း နှစ်သိမ့်နေပေးသည်က လွဲ၍ ဘာမှ လုပ်ပေးလို့မရ။
ချစ်လားဆိုတော့လည်း မချစ်ပါ။
" ရှင်း"
" ဟင် …… အင်း ပြောလေ နိဒါန်း"
"မင်း ထွက်သွားပေးပါလား"
"ဘယ်လို"
" ငါ တစ်ယောက်တည်းနေချင်လို့ ရှင်း နော်"
" သြော် အင်း အင်း"
သူ အခန်းထဲမှ လေးပင်သော ခြေလှမ်း များဖြင့်
ပြန်ထွက်ခဲ့သည်။
YOU ARE READING
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Romanceအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ