Part23

709 28 0
                                    

Zawgyi

စာမေးပွဲတွေ ဖြေပြီးချေပြီ။

သူစာဖြေခန်းထဲမှ စိတ်မပါတပါ ထွက်ခဲ့သည်။

ဖြေနိုင်ခြင်း မဖြေနိုင်ခြင်းတို့သည် စာဖြေခန်းထဲမှာ
ကျန်ခဲ့ချေပြီ။

ပုံမှန်ဆိုလျှင် စာမေးပွဲ သို့မဟုတ် နောက်ဆုံးဖိုင်နယ် ဖြေပြီးသော ကျောင်းသားတစ်ယောက်က ပျော်ရွှင်နေရမည်မဟုတ်ပါလား။

သို့ပေမဲ့ သူကတော့မပျော်ရွှင်နိုင်ပါ။

သူချစ်ရသူနှင့် ခွဲခွာခဲ့ရသည်။
လမ်းခွဲခဲ့ရသည်။

ပြီးတော့ ကျောင်းပြီးလျှင် လက်ထပ်ပွဲဆိုသော
ပကာသနဖက်သော ပွဲတစ်ခုက သူ့ကိုစိုးမိုးထားသည်။

သူ မလက်ထပ်ချင်သေးပါ။ အကြောင်းပြချက်က
သူချစ်သော ရှင်းမဟုတ်၍များလားတော့
သူလဲအဖြေမရှာတက်တော့။

သူအိမ်ပြန်လမ်း တလျှောက်လုံးကားပ်ါမှ အပြင်ကိုငေးလာခဲ့ပါသည်။

အင်လျားကန်ပေါင်ထက်မှာ ညနေဆည်းဆာ၏နေရောင်သည် လှပစွာတည်ရှိနေပါသည်။

သူကတော့ ညနေဆည်းဆာ ကိုမနှစ်သက်.
ညနေဆည်းဆာဆိုသည်မှာခွဲခွာရခြင်းတွေ၏
သင်္ကေတပင်မဟုတ်လား...

________________________

နိဒါန်း ရှင်းအတွက်စိုးရိမ်နေရသဖြင့် စာမေးပွဲတောင်ကောင်းစွာမဖြေနိုင်ပေ။

ရှင်း နှိုင်းရနှင့်သွားတွေ့ပြီး ပြန်လာတည်းက
နေသိပ်မကောင်း။

စာတောင်ကောင်းစွာမကျတ် နိုင်သဖြင့် သူကူညီပြီး
ကျတ်ပေးခဲ့ရသည်။

ခုထိလဲ နေမကောင်းသေး။

နိဒါန်း ရှင်းတို့အိမ်သို့ အပြေးလာပြီး ရှင်းရှိရာ အိပ်ခန်းဆီသို့ ဝင်လာခဲ့သည်။

ရှင်းသည် ခုတင် ပေါ်တွင် ကွေးကွေးလေးနှင့်အိပ်ပျော်နေလေသည်။

သူ သွားပြီး နဖူးကို အပူချိန်သွားစမ်းတော့
သူနှစ်သက်ခဲ့ရသော မျက်ဝန်းညိုကလေး
နှင့် သူ့ကိုမှေးကြည့်လေသည်။

" နိဒါန်း "

" ပြောလေ ရှင်း မင်းသက်သာရဲ့လား "

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now