Part8

1.4K 73 7
                                    

Zawgyi

သူတို့နှစ်ယောက်ပွဲထဲသို့ဝင်ခဲ့ကြတော့မွေးနေ့ရှင်လင်းရိပ်သူတို့နားသို့အဝေးကပင်ပြုံးပြရင်းလျှောက်လာလေသည်

"ကိုနှိုင်းရနဲ့ကိုရူးသုံလာပေးတာကျေးဇူးတင်ပါတယ်"'

"ရပါတယ်လင်းရိပ်ရာhappy birthdayပါ"

"ဟုတ်ကျေးဇူးတင်ပါတယ်ကိုနှိုင်းရ

"အေးငါလဲhappy birthdayကွာ

"ဟုတ်ကဲ့ကိုရူးသုံဒါနဲ့ကိုရူးသုံနဲ့ကိုနှိုင်းရထဲကဘယ်သူသီချင်းဆိုပေးမှာလဲ"

"နှိုင်းရဆိုပေးလိမ့်မယ်လေ"

"ဟာ ဟုတ်လားကိုနှိုင်းရအကောင်းဆုံးဆိုပေးနော်ဒါနဲ့အခုထိဘာမှမစားရသေးဘူးမလား စားလိုက်ပါဦးခင်ဗျ"

"ဟဲဟဲငါကမင်းကျွေးဖို့သတိမှရပါ့တော့မလားလို့"

"sorryပါကိုရူးသုံကျွန်တော်သီချင်းကိုစိတ်လောနေတာနဲ့မေ့သွားတယ် ကျွန်တ်ာသွားလိုက်ပါဦးမယ်ဟိုဘက်ကကျွန်တော့်သူငယ်ချင်းတွေကိုဧည့်ခံစရာရှိလို့ပါ ခွင့်ပြုပါဦး"

"အေး အေးနောက်အခါမမေ့နဲ့ပေါ့ကွာ"

လင်းရိပ်သူ့တို့အနားမှနေ၍ထွက်သွားတော့မှသူ့တို့စားပွဲတစ်ခုမှာဝင်ထိုင်လိုက်ကြသည် ထိုစဉ်သူတို့အနားသို့ထင်ရှားပြူးပြူးပျာပျာနှင့်ရောက်လာသည်

"ဘာဖြစ်လို့လဲထင်ရှား"

"မင်းနောက်မှစားတော့ကိုကိုရာသီချင်းအရင်ဆိုပေးလိုက်တော့လူလဲစုံနေပြီ"

"ဟ ငါဘာသီချင်းဆိုရမလဲတောင်မစဉ်းစားရသေးဘူးမင်းဟာကလဲ"

"အခုစဉ်းစားတော့ကွာ လာကွာ"

"ကိုကိုရာလိုက်သွားလိုက်ပါမြန်မြန်ဆိုရတော့မြန်မြန်ပြီးတာပေါ့"

"ဟုတ်ပါတယ်ကွာ လာစမ်းပါ"

ဤသို့ဖြင့်နှိုင်းရလဲထင်ရှားနောက်သို့ကို့ယို့ကားယားဖြင့်ပါသွားလေသည် သီချင်းဆိုရမည့်စင်နားရောက်တော့သူဘာသီချင်းဆိုရမလဲစဉ်းစားလို့ရသွားသည် ထို့နောက်စင်ပေါ်ရှိဂီတာသမားနားသွားကာသူဘာသီချင်းဆိုမလဲသွားပြောသည်

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now