Zawgyi
မပြန်ခင် တစ်ရက် ည 6နာရီလောက်တွင်နိဒါန်းသည် ရှင်းကို ထူးဆန်းလာသည်။ အရင်ကဆို နှိုင်းရကို ကြည့်မရဖြစ်နေတတ်သော
သူက အခုဆို နှိုင်းရကို ငေးကြည့်နေတက်တာ
သူ သတိထားမိသည်။တစ်ခါတစ်လေကျရင် ခိုးခိုး
ကြည့်တတ်သည်။ နှိုင်းရ ကိုတွေ့လျှင် တောက်ပ
သောအပြုံးတွေက ဘာလဲဆိုတာကို သူ အဖြေရှာ
လို့မရ ။သူ့စိတ်ထဲ ထင်နေသော အကြောင်းအရာတစ်ခု
မဖြစ်ပါစေနဲ့ ဟု သူအကြိမ်ကြိမ်ဆုတောင်းနေမိသည်။ ထိုအိမ်မက်သာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ရှင်းအတွက်ဖြစ်တည်လာသော သူနှလုံးသားသည်
တစစီ ကြေကွဲသွားမည် ဖြစ်သည်။" နိဒါန်း ဘာတွေစဉ်းစားနေတာလဲ"
" သြော် ရှင်း ဘာမှမစဉ်းစားပါဘူး "
မင်းအကြောင်းစဉ်းစားနေတာလို့ ပြောရင် မင်းယုံမှာမှမဟုတ်တာ ငါမပြောတော့ပါဘူး ။
" ရှင်း မင်းကိုငါမေးစရာရှိတယ် မင်းအခုနောက်ပိုင်း ဘာဖြစ်လို့ထူးဆန်းနေတာလဲ"
" ထူးဆန်းတာ ? ? ငါလား "
" အေး ကိုယ့်ကိုယ် ကို မသိဘူးလား"
ရှင်း ရယ်ကျဲကျဲ ဟန်နှင့် ခေါင်းခါပြလိုက်သည်။
" မင်းမသိရင် ငါပြောပြမယ် မင်းအခုတလော နှိုင်းရနဲ့ တရင်းတနှီး နေလွန်းတယ်"
" အဲ့ဒါ ထူးဆန်းလို့လား နိဒါန်း"
" ထူးဆန်းတာပေါ့ ရှင်း အရင်ကဆို မင်းပဲ နှိုင်းရကို
မုန်းတယ်ဆို……"" ငါက ငါမပြောဖူးပါဘူး မုန်းတယ်လို့
ကိုကို ကို့"" ကိုကို ကိုကိုဟုတ်လား"
ရှင်း နှိုင်းရကို မမုန်းဘူးဆိုတာ ပြောဖို့အတွက် သူခေါ်နေကျ နာမ်စားလေး နှုတ်မှ ယောင်ပြီးထွက်သွားသည်။ နိဒါန်းမျက်ဝန်းများသည်
မေးခွန်းများစွာမေး ချင်နေ ပုံရသည်။ တော်တော်လည်းမျက်နှာ ပျက်နေသည်။" ငါ ………………ငါ"
" ရှင်း အမှန်အတိုင်းပြောပါ ငါ့ကို အမှန်အတိုင်းပြောပြပါ"
KAMU SEDANG MEMBACA
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Romansaအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ