Part3

2.3K 70 0
                                    

Zawgyi
့အိမ်ကို ပြန်လာသည့်လမ်းတလျှောက်လုံး
တေးရတုကိုသာ မျက်လုံးထဲ မြင်ယောင်နေမိသည်။
သူ့ရဲ့ အပြုံးတွေ အကြည့်တွေ အသံတွေ ကအစ
မျက်လုံးထဲ တစ်ခုချင်းစီ နားထဲ တစ်ခုချင်းစီ
ပြန်လည်စီးဝင်လာသည်။

ရယ်လိုက်လျှင်ကလေးတစ်ယောက်လိုဖြူစင်လွန်းတာကအစ   နှိုင်းရ၏ အာရုံဝယ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော လူတစ်ယောက်နှင့် ထပ်တူညီနေသည်။

" ကိုကို သားကို လက်ထဲက အဆူးလေးထုတ်ပေးပါ
   အရမ်းနာတာပဲ"

အပြစ်ကင်းစင်လှသော အသံလေးသည် နားထဲဝင်လာသည်။

"  လာ လက်ပေး"

"ဟုတ်"

" ခဏလေးနော် ရတော့မယ် နာရင်သည်းခံ
  ဟာ  ရပြီ"

" ကိုကိုက အတော်ဆုံးပဲ"

သူ့ကို လက်မလေးထောင်ပြသော ကလေးက
ပါးချိုင့်လေးပေါ်အောင်ပြုံးပြနေသည်။

"တကယ်လား "

"အွန်း"

" ကိုကို ဒါနဲ့လေ ရှင်းရောင်ခြည်ဆိုတာ ဘာအဓိပ္ပာယ်လဲဟင် "

"ရှင်းရောင်ခြည်ဆိုတာက ရှင်းက သန့်စင်တာ
  ကြည်လင်တာ ရောင်ခြည်ကတော့အလင်းတန်းပေါ့
  အဲ့တော့ ရှင်းရောင်ခြည်ဆိုတာ သန့်စင်သော
  အလင်းတန်းလေး"

" ဟုတ်ပါဘူး သားက ကိုကို့ရဲ့အလင်းတန်းပါ"

" ဟုတ်ပါပြီဗျာ"

"ဟီး"

ရယ်လိုက်လျှင်  ဖြူစင်လွန်းတာ ဘုရားပေးတဲ့
အားသာချက်လား ။

ရတု့ကို သူမြင်မြင်ချင်း စိတ်ဝင်စားခဲ့မိသည်မှာ
လူတစ်ယောက်နဲ့တူနေလို့တဲ့လား။
လူတစ်ယောက်ရဲ့ပုံရိပ်နဲ့တူနေလို့
သူ ချစ်ခဲ့ခြင်းပါပဲ။  

သူတို့အိမ်နားမှ ထိုကောင်လေးပြောင်းသွားတော့
ငိုခဲ့ရသော နေ့ရက်တွေ

လွမ်းနေမိသော ပုံရိပ်လေး ။

အခုမှ သူပျောက်ဆုံးနေသော အဖြေကိုရှာတွေ့သည်။

ထိုကောင်လေးကော အခုဆို ဘယ်နေရာမှာ ဘာတွေလုပ်နေမည်လဲ ။

ဆိုင်သူများရှိနေပြီလား။
မယုံကြည်ရသော ကံတရားကို သူမသေချာနိုင်။

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now