Part9+10

1.5K 63 7
                                    

Zawgyi

သူစင်ပေါ်မှတုန်တုန်ယင်ယင်နှင့်ဆင်းလာသည်ကို ရူးသုံတို့ကကြည့်ပြီးရယ်ကြသည်။သူကတော့သူ့အတွေးနှင့်သူသာငိုင်လျက်ရှိသည်။သူ့စိတ်ထဲအတွေးထဲမှာတော့ 'ရှင်း'ဆိုသောကောင်လေးသာရှိသည်။

"ကိုကို မင်းဘာလို့ဒီလောက်တုန်ယင်နေတာလဲမင်းဆိုတာကောင်းပါတယ်ကွ"

ရူးသုံသည်သူ့ကိုကြည့်ပြီးအလွန်ရယ်ချင်နေဟန်နဲ့မေးလေသည်။

"မဟုတ်ပါဘူး ငါ ဘာမှမဖြစ်ပါဘူးကွာ"

သူ လေသံတိုးတိုးနဲ့သာပြန်ဖြေမိသည်။အမှန်တော့သူကိုယ်တိုင်ပင်ဘာဖြစ်လို့ဖြစ်နေမှန်းကိုနားမလည် ဘာဖြေရမှန်းမသိသည်မို့စိတ်ထဲရှိရာဖြေလိုက်ခြင်းသာဖြစ်သည်။ သူ့တစ်ကိုယ်လုံးတုန်ယင်နေမှန်းကိုတော့သိလေသည်။သူတုန်ယင်နေသောကိုယ်ကိုအတက်နိုင်ဆုံးပြန်ထိန်းလိုက်လေသည်။

ဒါကိုပင်ရူးသုံကနားမလည်သလိုကြည့်နေသေးသည်မို့မျက်နှာကိုအတက်နိုင်ဆုံးပြုံးကာထပ်ပြောလိုက်ရသည်။

"ငါ ကားပေါ်ကြမှပြောပြမယ်ကွာ နော်"

"အေး ငါကစိတ်ပူလို့ပါကွာ ကြောက်များနေတာလားလို့ မင်းအဖေတောင်ဖုန်းဆက်သေးတယ်ကွ မင်းဘယ်သွားလဲမပြောခဲ့ဖူးဆို ငါမွေးနေ့ပွဲကိုခေါ်သွားတယ်လို့ပြောလိုက်တယ်"

ထိုအခါမှသူ ဖေဖေ့ကိုဘယ်သွားမလဲမပြောခဲ့တာသတိရသည်။

"အေး ကျေးဇူးပဲကွာ"

ဟုပြောရင်းသူတို့နှစ်ယောက်စားပွဲဆီသို့လျှောက်လာချိန်

နောက်မှလင်းရိပ်၏ခေါ်သံပေါ်လာသဖြင့်သူတို့နောက်ပြန်လှည့်ကြည့်လိုက်တော့လင်းရိပ်နှင့်အတူကောင်လေး သုံးယောက်ကိုတွေ့လိုက်ရသည်။

"ကိုနှိုင်းရနဲ့ကိုရူးသုံ မပြန်သေးဘူးမလား ကျွန်တော်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမလို့"

"သြော် ဟေ့ကောင်ရူးသုံ လာလေကွာ"

နှိုင်းရ ကောင်လေးသုံးယောက်ကိုကြည့်လိုက်တော့
'ဟင်'သူ့ရဲ့မျက်ဝန်းညိုလေးပါလား......

အချစ်မှာဘယ်သူမဆို (completed)(Z+U)Waar verhalen tot leven komen. Ontdek het nu