Zawgyi
ချစ်တဲ့သူနှင့် အတူရှိရသောချောင်းသာကမ်းခြေသည် လှတာထက်ကို ပိုပြီးအရင်ကထက်လှနေလေသည်။
သူတို့ရောက်သွားတာက နေ့လည်ခင်းဆိုတော့
သူတို့ရောက်ရောက်ချင်း တည်းခိုရာ ဟိုတယ်မှာ အထုပ်အပိုးတွေထားကာ နေ့လည်စာ ပင်လယ်စာတွေကို စားကြလေသည်။သူတို့ယောင်္ကျားလေးတွေက သုံးယောက်ခန်း တခန်းနှင့် လေးယောက်ခန်းတခန်းတို့ကို ယူလိုက်ကြသည်။ မိန်းကလေးတွေကတော့ သုံးယောက်ခန်းနှင့် နှစ်ယောက်ခန်းတခန်း နေကြလေသည်။
လေးယောက်ခန်းမှာ တော့ သူရယ် ရူးသုံ ထင်ရှား ကျော်ခန့်တို့လေးယောက်
သုံးယောက်ခန်းမှာက ရှင်း နိဒါန်း လင်းရိပ်တို့ဖြစ်သည်။မိန်းကလေးတွေကတော့ လမင်းနှင့်ပိုးအိတို့တစ်ခန်း မေလေး ပန်းပွင့်
ရူပကာတို့က တစ်ခန်းနေကြသည်။သူ ရှင်းနှင့် တခန်းတည်းနေချင်သော် လည်း အခြေအနေက မပေးသဖြင့်မနေရခြင်းဖြစ်သည်။
ဒါပေမဲ့ ချောင်းသာကိုအတူတူ လာရတာကိုပင်ကျေနပ်လှပြီ ဖြစ်သည်။သူတို့အားလုံး နေ့လည်စာ စားပြီးတော့ နေ့ခင်းနေပူသဖြင့် ညနေမှ ရေကစားမည်ဟု တိုင်ပင်ကြကာ ခဏ ကိုယ့်အခန်းကိုယ်ပြန်နားလိုက်ကြသည်။
နှိုင်းရကတော့ ပင်လယ်လေ၏ လတ်ဆတ်သော ရနံ့ ကိုရှုချင်သဖြင့် သဲသောင်ပြင်ပေါ်သို့ ထိုင်ချလိုက်ကာ ဟိုငေးဒီငေး ငေးနေလေသည်။
" ဘာတွေ တွေးနေတာလဲဗျာ "
သူ အမြတ်နိုးရဆုံး အသံလေး။ သူလှည့်ကြည့် လိုက်တော့ သူ့ကမ္ဘာ ပေါ်မှာ ပထမဆုံးချစ်ရခဲ့သော သူစိမ်းလူသား တစ်ယောက်။
သူ ရှင်းကိုစချင်လာသဖြင့် တမင် အကောင်းမဖြေဘဲ ဘုကလန့် ဖြေလိုက်သည်။
" ဘာတွေး တွေးပေါ့ကွာ မင်းနဲ့ဘာဆိုင်လို့လဲ ငါ့အတွေးတွေ မင်းပိုင်တာမှမဟုတ်တာ"
" ကျွန်တော် က အကောင်းပြောတာကိုဗျာ"
" အေးလေ ငါလည်းအကောင်းပြောတာပဲကို"
![](https://img.wattpad.com/cover/183410437-288-k566976.jpg)
STAI LEGGENDO
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Storie d'amoreအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ