Part7

1.5K 65 4
                                    

Zawgyi

"ရောက်ပြီဒီအိမ်လေ"

နှိုင်းရအိမ်ထဲသို့ကြည့်လိုက်တော့အိမ်လေးကခြံနှင့်ဝန်းသပ်သပ်ရပ်ရပ်ရှိလှသည်ကိုတွေ့ရလေသည်။ဖျတ်ခနဲသူ့ခေါင်းထဲအတိတ်ကဖြစ်ရပ်တစ်ခုဝင်လာသည်သူလေးတန်းတုန်းကသူ့တို့အိမ်ရှေ့တည့်တည့်မျက်နှာချင်းဆိုင်အိမ်ကကောင်လေးတစ်ယောက်ကိုမြင်ယောင်လာသည်။

ကျွန်တော်ကြီးလာရင်ခွဲစိတ်ဆရာဝန်ကြီးလုပ်မှာကိုကိုရပြီးရင်ခြံကျယ်ကျယ်မှာအိမ်သေးသေးလေးဆောက်ပြီးနေမှာ

ထိုစကားသံတို့ကိုသူပြန်ပြီးကြားယောင်လာသည်။
ငယ်ပေမဲ့ စိတ်ထဲစွဲနေအောင် မှတ်မိနေသည်။
အမှတ်တရဆိုသည်မှာ ရှည်ကြာသော မှတ်ဥာဏ်တစ်ခုပင်မဟုတ်ပါလား။

အခုချိန်ဆို အရွယ်ရောက်ကာ ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။   ငယ်ငယ်တည်းက ချစ်စရာကောင်းသူမို့ချစ်ဖို့တော့ကောင်းမှာသေချာသည်။

ဟာ ဘာလို့ အတွေးထဲကို ခဏခဏဗရောက်ရောက်လာရတာလားကွာ

"ကိုကိုသွားမယ်လေဘာတွေတွေးနေတာလဲ"

"သြော်အေး သွားမယ် သွားမယ်"

ရူးသုံကြောင့်သူ့အတွေးများပြတ်တောက်သွားသည်။သူရူးသုံနောက်မှတိတ်ဆိတ်စွာလိုက်သွားမိသည်ခြံထဲတွင်တော့ပျော်ရွှင်စရာမွေးနေ့ပွဲတစ်ခု

သူတို့ကိုမြင်သည်နှင့်ထင်ရှားနဲ့မင်းကိုအပြေးအလွှားနှင့်သူတို့နားရောက်လာသည်။

"ကိုကိုနဲ့ရူးသုံလာလာငါတို့စောင့်နေတာ"
" ကိုကို okသွားပြီလား"

မင်းကိုက ကမန်းကတန်းပြောကာ ထင်ရှားကတော့
နှိုင်းရကို လှမ်းမေးလေသည်။

" အင်း okပါတယ်"

နှိုင်းရ၏ ဖြေသံနှင့်အတူ ရူးသုံ၏စကားသံက အမှီလိုက်လာသည်။

"ဟာ ဘာလုပ်ဖို့လဲမွေးနေ့ရှင်လဲမဟုတ်ဘဲနဲ့"

"အေးပါကွာ မင်းတို့မွေးနေ့မဟုတ်တာတော့သိပါတယ် ဒါပေမယ့်လင်းရိပ်အတွက်မင်းတို့ထဲကတစ်ယောက်သီချင်းဆိုပေးရမယ်"

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now