Part11

1.2K 67 4
                                    

Zawgyi

နှိုင်းရအိမ်ပြန်ရောက်တော့ ဖေဖေပင် ထမင်းစားပြီးနေပြီ။အိမ်ရှေ့ဧည့်ခန်းတွင်စာထိုင်ဖတ်နေလေပြီ။သူ ဖေဖေ့အားအသံလှမ်းပြုလိုက်ပါသည်။

"ဖေဖေကျွန်တော်ရောက်ပါပြီ"

"သြော် သားပြန်ရောက်ပြီလား ခဏလာဦး ဖေဖေပြောစရာရှိလို့"

"ဟုတ်ကဲ့ပါ ဖေဖေ"
နှိုင်းရ ဖေဖေဘေးရှိ ခုံတွင်ဝင်ထိုင်လိုက်ပါသည်။

"ဖေဖေ ဒီနေ့မင်္ဂလာဆောင်သွားတော့ ဦးဘုန်းခေတ်နဲ့တွေ့တယ်"

"ဦးဘုန်းခေတ်ကဘယ်သူလဲဖေဖေ"
သူဝေဝေဝါးဝါးနှင့်ပြန်မေးတော့ဖေဖေကပြုံးသည်။

"သြော်သားက မမှတ်မိဘူးကိုး အန်ကယ်ဘုန်းလေ
သားကိုငယ်ငယ်ကပါးလိမ် လိမ်ဆွဲတဲ့ဦးလေးလေ"

"သြော် သားမှတ်မိပြီဖေဖေ သားရှစ်တန်းနှစ်လောက်မှာလားမသိဘူးနိုင်ငံခြားထွက်သွားတာလေ"

"ဟုတ်တယ် သား သူအခုပြန်ရောက်နေပြီတဲ့ ဖေဖေတောင်မသိဘူး မနက်ကမှတွေ့တော့ ဟန်ထွေးလေးကိုပြန်ခေါ်လာပြီတဲ့"

"သြော် ဟုတ်လားဖေဖေ ဟန်ထွေးပြန်ရောက်နေပြီတဲ့လား ကျွန်တော်သွားတွေ့ရဦးမှာပေါ့ ဒီကောင်မလေးကငယ်ငယ်တည်းကဂျီကျတာ အခုပြန်တွေ့ရင်လဲ ဘာတွေဂျီကျအုန်းမလဲမသိဘူး"

သွားတွေ့မည်ဟုနှုတ်ကပြောလိုက်သော်လည်းသူသွားမတွေ့ချင်။ဒီကောင်မလေးကငယ်ငယ်တည်းကတဇွတ်ထိုးဆန်သည်ကိုမကြိုက်သောကြောင့်ဖြစ်သည်။

"ငါ့သား သိပ်မတွေ့ချင်ဘူးမလား မတွေ့ချင်ရင်သွားမတွေ့နဲ့ဦးပေါ့ ကဲအဲဒါကိုထားပါ ဖေဖေပြောချင်တာသူ့အကြောင်းမဟုတ်ပါဘူး'

ဖေဖေသည်သူ့စိတ်ကိုအကဲခတ်နိုင်သည်မို့သူရှက်သွားကာရှက်ရယ် ရယ်၍ပြန်မေးလိုက်သည်။

"ဒါဆို ဖေဖေဘယ်သူ့အကြောင်းပြောမလို့လဲဟင်"

"သား ဦးနေရောင်ကိုတော့မှတ်မိတယ်မလား"

ဦးနေရောင်ကိုတော့သူကောင်းကောင်းမှတ်မိပါသည်။သူ့တို့နှင့်မျက်နှာချင်းဆိုင်နေသွားသောအိမ်မှဦးလေးနေရောင်ကိုတော့သူမမှတ်မိနိုင်စရာအကြောင်းမရှိ။ပြီးတော့သူ့အချစ်ဆုံးငယ်သူငယ်ချင်း၏အဖေမို့မေ့နိုင်စရာအကြောင်းမရှိပေ။

အချစ်မှာဘယ်သူမဆို (completed)(Z+U)Unde poveștirile trăiesc. Descoperă acum