Part4

2K 70 0
                                    

Zawgyi
" ကိုကို သားလက်ထဲက အဆူးလေးထုတ်ပေးပါ"

" လာ လက်ပေး"

"ဟုတ်"

ဆူးကို ဂရုတစိုက်ငုံ့ထုတ်ပေးနေသော မျက်လုံးပြာ
ပိုင်ရှင် သူ့မျက်ဝန်းမှ နွေးထွေးမှုများကို မြင်နေရသည်။

"ကိုကို   ကိုကို ကိုကို"

အိမ်မက်မှ နိုးထလာရသော သူသည် ခေါင်းနှင့် လက်များတွင်ချွေးများ စီးကျနေသည်။

အိမ်မက်ထဲက အခေါ်အဝေါ်ကို နှုတ်မှ အသံထွက်
ခေါ်လိုကိသည်။

" ကိုကို"

သူ သိခဲ့ဖူးသော လူလား။
သူ့အိမ်မက်ထဲမှာတော့ တော်တော်ရင်းနှီးသည့်
လူဖြစ်မည်ထင်သည်။

သူ့ကိုလဲ တော်တော်ချစ်ပုံရသည်။

ဒါပေမဲ့ မျက်နှာအပြည့်အစုံကို သူမမြင်ရ။
ခေါင်းက လိုက်စဉ်းစားရင်း တဆစ်ဆစ်ကိုက်လာသည်။

ထိုလူ ဘယ်သူလဲ သူ စဉ်းစား၍မရတော့ပါလား။

အက်ဆီးဒန့် ဖြစ်ပြီးကတည်းက သူ့မှတ်ဥာဏ်များ
သည် သိပ်မကောင်းချင်တော့။

သိပ်ကြာသွားသော အဖြစ်အပျက်တစ်ခုဆိုလျှင်
သူ့ဦးနှောက်က စဉ်းစား၍မရချင်တော့။

ဒါပေမဲ့………
ဒါပေမဲ့ ထိုလူကိုတော့ သူကောင်းကောင်းကြီးမှတ်
မိနေခဲ့သည်။

သူ့ဘဝမှာ အရေးပါခဲ့ဖူးတဲ့လူ
တော်တော်ကို ပါဝင်ပတ်သတ်ဖူးတဲ့ လူဖြစ်မည်ထင်သည်။

သူ ကုတင်ပေါ်မှ ထထိုင်ကာ စာရေးစားပွဲသို့ထလာခဲ့သည်။
သူ့ညီမ လရောင်ခြည် ၏ စာအုပ်များ
စာရေးကိရိယာများ စားပွဲပေါ်တွင် ပြန့်ကျဲနေလေသည်။

စားပွဲ၏ အံ့ဆွဲကို ဖြည်းဖြည်းဖွင့်ကာ နောက်ဘက်ခပ်ကျကျသို့ လက်နှိုက်လိုက်တော့
သံဘူးသေးသေးလေး ထွက်လာသည်။

သံဘူးသေးသေးလေးရဲ့အဖုံးကို ဆွဲဖွင့်လိုက်တော့
စာခေါက်လေးတစ်ခု ထွက်ကျလာသည်။

နှစ်တွေကြာတော့ ဟောင်းနွမ်းပြဲရိမတတ် ဖြစ်နေသော စာခေါက်လေးကို ဂရုစိုက်ကာ ဖွင့်လိုက်သည်။

အချစ်မှာဘယ်သူမဆို (completed)(Z+U)Dove le storie prendono vita. Scoprilo ora