Zawgyi
မနက်နေရောင်ခြည်သည်အိပ်ခန်းထဲသို့ထိုးဖောက်ဝင်ရောက်လာ၏
ရူးသုံမျက်လုံးဖွင့်ကြည့်လိုက်တော့ကိုကိုနိုးနေချေပြီ"ဟေ့ကောင်နိုးပြီလား"
"အေးကိုကို ညကငါ့ကိုဒုက္ခပေးထားပြီးတော့ခုကော"
"ဟဲဟဲဆောရီးကွာညကများသွားလို့ဖေဖေကိုလည်းphoneဆက်ပြီးသွားပြီ"
"ဟုတ်လားအခုမင်းဘာလုပ်နေတာလဲ"
"ကဗျာရေးနေတာ"
"ပြစမ်းမင်းကဗျာ "
"ရော့ ......။
နှိုင်းရ ပေးသော စာရွက်လေးကို ငုံ့ကြည့်ရင်း
ခေါင်းခါလိုက်သည်။"ရှုပ်ယှက်တွေ ခက်နေတာပဲ အိမ်ပြန်ရင်
မင်းအဖေကို ဘယ်လိုပြောမှာလဲ ရတုကြောင့်လို့
ပြောမှာလား""ရှီးမှပဲ ပြောစရာလားကွာ ငါ့ကို သတ်မှာပေါ့
ငါ့အဖေက စီးပွားရေးသာ အောင်မြင်နေတာကွ
လူကရှေးရိုးတအားဆန်တယ် မင်းလဲ သိသားပဲဟာ"" အဲ့ဒါဆို မပြောနဲ့ပေါ့လေစိတ်ညစ်စရာကိစ္စရှိလို့
ပဲလို့ဖြေပေါ့ ဟုတ်ပြီလား ""အေးပါ ဒါနဲ့ ညက ဟိုကောင်ထင်ရှားကော
လိုက်ပို့ပေးတာလား ""အေးပေါ့ကွ"
" ငါ ဘာမှ မမှတ်မိတော့ဘူး"
" မမှတ်မိတာပဲ ကောင်းတယ်"
" ဘာဖြစ်လို့လဲ"
ရူးသုံသည် ညက တစ်ခု တစ်ကောင် တစ်ယောက်
အကြောင်း စဉ်းစားမိသောအခါ ရယ်ချင်သွားသည်။
မပြောတာပဲကောင်းမည်။" ဘာမှမဟုတ်ပါဘူးကွာ မင်း ရတုအကြောင်းပဲ
တောက်လျှောက်ပြောနေတာညက""အေးပေါ့ ငါက သူ့ကိုချစ်တာကိုး သူက အစိမ်းလိုက်
ငါ့အသည်းကိုခွဲသွားတာ""" မင်းကလဲကွာ မင်းရဲ့ဖူးစာဖက်မဟုတ်လို့ပေါ့
မင်းရဲ့ဖူးစာဖက်ကမ္ဘာကြီးတစ်နေရာရာမှာရှိနေမှာပေါ့
မင်းနဲ့ဆုံဖို့ကံက မလာသေးတာနေမှာ"" ဟုတ်မှာပါ လောလောဆယ်တော့ ငါရည်းစားမ
ထားချင်သေးဘူးကွာ ငါ့ရဲ့ဒဏ်ရာကို ပျောက်အောင်ကုရဦးမယ် အသဲကွဲတာမလွယ်ပါလား
"
YOU ARE READING
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Romanceအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ