Zawgyi
ရှင်း နှင့်တွေ့ပြီးတပတ်အကြာ.
လက်ထပ်ပွဲကပိုပိုပြီးနီးလာပြီ။
အကုန်လုံးလဲပြင်ဆင်ပြီးနေပြီ။
သူ ရှင်းကို ဖိတ်စာမပေးရသေး။
ဒါကြောင့်ရှင်းတို့ အိမ်ဘက်လာခဲ့သည်။" အိမ်ရှင်တို့ "
" လာပြီ "
ဟူသော အော်သံလေးနှင့်အတူ ကောင်မလေးတစ်
ယောက်ထွက်လာသည်။" အစ်ကို ကြီးကဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်"
" ရှင်းရောင်ခြည်နဲ့ပါ"
" အော် ကို့ကို မိတ်ဆွေလား"
" အင်း ဟုတ်ပါတယ် ညီမလေး အစ်ကိုနာမည်
နှိုင်းရကိုကိုပါ"" အော် သိတယ် ကိုကို နေမကောင်းတုန်းက
အစ်ကိုကြီးနာမည်ပဲခေါ်နေတာ သိလား
ပြီးတော့လေ အစ်ကိုနာမည်ကို စားပွဲတွေမှာရေး
ထားတာ စာအုပ်ထဲမှာကောပဲ ပြီးတော့"" လလ "
မာထန်သော ခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့
သူတွေ့ချင်နေခဲ့သော ရှင်း" ရှင် ကိုကို"
" သွား အိမ်ထဲမှာ လုပ်စရာရှိတာ သွားလုပ်"
"ဟုတ်ကဲ့ ကိုကို"
" ဒါဆို လလသွားပြီနော် အစ်ကိုကြီး"
လလ အိမ်ထဲ ဝင်သွားတဲ့အထိလိုက်ကြည့်ပြီးမှ
ရှင်း သူ့ကိုလှမ်းကြည့်သည်။" ဘာ ကိစ္စ ရှိလို့လဲ ကိုကို အဲ နှိုင်းရ"
ရှင်း ခေါ်ပုံမှားသွားသဖြင့် ရှက်သွားဟန်နှင့် ခေါင်းလေးငုံ့သွားသည်။
" ဖိတ်စာ လာပေးတာ ပါ"
ရှင်းမျက်ဝန်းတွေ အဲံ့သြသွားသည်။
" ဖိတ်စာ ဘယ်သူ့ဖိတ်စာလဲ"
" ကိုယ့်ဖိတ်စာ"
" ဘယ်လို ..."
" ဟုတ်တယ် ရှေ့လာမယ့် sunday"
sundayဆို နောက် လေးရက်ပဲကျန်တော့သည်။
သြော် ကြိုစီစဉ်ထားကြတာပဲ။" အင်း ပါ ကျွန်တော်လာခဲ့ပါ့မယ်"
" အင်း ဆက်ဆက်လာခဲ့နော် ကိုယ်သွားတော့မယ်"
![](https://img.wattpad.com/cover/183410437-288-k566976.jpg)
ВЫ ЧИТАЕТЕ
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Любовные романыအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ