Part26

825 29 0
                                    

Zawgyi

ဒီနေ့က မင်္ဂလာတွေရှိသောနေ့

သူများတွေအတွက်ပါ ။
နှိုင်းရအတွက်တော့ နုလုံးသားကို
အစိမ်းလိုက်အခွဲခံရတဲ့နေ့

ရှင်း နေမကောင်းဘူးသတင်းတွေကြားနေရပါတယ်။
ဒါပေမဲ့ သူ့မှာ နေကောင်းလားဆိုပြီး မေးဖို့အခွင့်အရေး မရှိတော့ပါ။

အခုလဲ ထိုင်ခုံလေး တစ်ခုံမှာ ရှင်းထိုင်နေသည်။
အဖြူရောင်ဝတ်စုံနှင့် ရှင်း သန့်နေသော
ရှင်းကိုမြင်တော့ သူငိုချင်လာသည်။

တကယ်ဆို ဒီပွဲဟာ သူတို့ရဲ့ပွဲဖြစ်ရမှာလေ

ရှင်းဖြစ်ချင်ခဲ့တဲ့ ပွဲလေးမှာ ရှင်းထိုင်နေရပေမဲ့
ဒါရှင်း ရဲ့ပွဲမဟုတ်ပါ။

ကိုကိုရဲ့ မင်္ဂလာပွဲက သူ့မျက်စိရှေ့တင်
ဒါကို သူဘယ်လိုရင်ဆိုင်ရမှာလဲ

ဘယ်လောက်ပဲ ဟန်ဆောင်အပြုံးတွေသုံးသုံး
နုလုံးသားကတော့ ဟန်ဆောင်ဖို့မတတ်နိုင်ခဲ့ပါ။

ဟင့်အင်း သူငိုလို့မဖြစ်။

သူချစ်ရသူရဲ့ မင်္ဂလာရှိသော ပွဲလေးကို
သူလို ဘာမဟုတ်တဲ့သူကြောင့်
မပျက်စီးစေလိုပါ။

သူ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ဒါကိုနိဒါန်း မြင်သွားသည်။

" ရှင်း ရ ရဲ့လား အိမ်ပြန်မလား"

" ဟင့် အင်း ငါအိမ်မပြန်ချင်ဘူး ငါသူရဲ့ ပွဲကို
အဆုံးထိ ကြည့်ချင်တယ် သူ့ရဲ့တောက်ပတဲ့အပြုံးတွေကို ငါမြင်ချင်တယ်
တသတ်လုံးအတွက်ပေါ့"

" အင်းပါ ကြည့်ပါ ရှင်းရယ် ငါမင်းအတွက်ရှိနေပါမယ်"

" အင်း "

သတို့သားနဲ့ သတို့သမီးရှိရာသို့ ခေါင်းလေးငဲ့ကြည့် နေတဲ့ ရှင်းကိုကြည့်ကာ
နိဒါန်း အော်ငိုလိုက်ချင်သညိ။

နှုတ်ခမ်းတွေက ဖြူဖျော့နေသည်။
အမှန်ဆို ဆေးရုံမှာ အနားယူရမည်။

ဒါကို အတင်းလာသည်။

သူ ချစ်သောသူ၏ ဆန္ဒကို ဖြည့်ဆည်းပေးရမည်ပေါ့။ရုတ်တရက်

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now