part12

1.1K 55 6
                                    

Zawgyi

နှိုင်းရ၏အကျီင်္လေးသည် ရှင်းကိုတစ်နေ့လုံးလိုက်နှောက်ယှက်နေလေသည်။
ရေမွှေးနံ့ကိုနဂိုတည်းကမကြိုက်ရသည့်အထဲနှိုင်းရ၏အပြုံးချိုချိုလေးတွေကလည်းသူ့ကိုစိတ်ရှုပ်စေ၏။

ရှင်းတို့အတန်းချိန်ပြီးသည်အထိရှင်းစိတ်တွေနှိုင်းရဆိုသောမျက်လုံးပြာပြာနှင့်ကောင်လေးဆီရောက်နေလေသည်။

နှိုင်းရကိုစတွေ့တုန်းကသူငေးမောကြည့်နေရသည်အထိနှိုင်းရဆွဲဆောင်နိုင်ခဲ့ပါသည်။

စင်ပေါ်မှာသီချင်းဆိုတော့လည်းသူမျက်တောင်မခတ်တမ်းငေးမောကြည့်နေရသည်အထိ ဒီလူချောလေးကတော်လွန်းသည်။

သူလူချောလေးကိုစိတ်ဝင်စားခဲ့မိသည်ဆိုလျှင်မမှားပါ။သူကိုယ်သူလည်းပြန်ဆုတောင်းနေမိပါသည်။တစ်သတ်စာမဖြစ်ဖို့အတွက်

တကယ်လို့သူသာတစ်သက်စာဖြစ်သွားလျှင်သူ့ဘေးနားကနိဒါန်းဆိုသော သူ့ကိုတချိန်လုံးအရိပ်တကြည့်ကြည့်နေခဲ့သောကောင်လေးကို သူတသက်လုံးရဲရဲဝံ့ဝံ့ကြည့်ရဲတော့မည်မဟုတ်သည်အထိ အားနာနေမိပါလိမ့်မည်။

လမ်းတစ်လျှောက်လုံးတွေးရင်းနှင့် သူအိမ်ပြန်ရောက်တော့ မေမေသည် ထမင်းစားပွဲပေါ်တွင်ထမင်း ဟင်းပြင်ကာစောင့်နေရှာပါသည်။မေမေသည် သူ့ကိုတွေ့တော့ ပြုံးရွှင်လျက်ဆီးကြိုနေပါသည်။

ဒါကိုတွေ့တော့လည်းသူ့စိတ်တွေနှိုင်းရဆိုသောလူချောလေးဆီရောက်နေတာတွေအကုန်မေ့ပျောက်သွားပြန်သည်။

သူစားသောက်ပြီးဒီညတော့စောစောအိပ်ရာဝင်ခဲ့ပါသည်။

ဟိုကောင်နိဒါန်းအသံပြဲကြီးနှင့်ရောက်လာတာကိုပင် သူအိပ်ချင်ယောင်ဆောင်နေလိုက်ပါသည်။

သူနှိုင်းရကိုမေ့လို့ရမည်ဟုထင်ခဲ့သော်လည်းအိမ်မက်တွေထဲမှာ နှိုင်းရဆိုသောလူချောလေးက တညလုံးစိုးမိုးထားလေသည်။

နောက်တစ်နေ့မနက်တွင် ရှင်းကိုလာခေါ်သောနိဒါန်းမျက်နှာကြီးသည် ပါးအချက်တစ်ရာလောက်ရိုက်ခံထားရသည့်မျက်နှာအမူအရာနှင့်ဖြစ်နေပါသည်။ ဒီကောင်လေးကိုချော့ရဦးပေမည်။

အချစ်မှာဘယ်သူမဆို (completed)(Z+U)Место, где живут истории. Откройте их для себя