part17

750 37 5
                                    

Zawgyi

မနက်ခင်း၏ နေရောင်ခြည်က ဟိုတယ်အခန်း၏ အတွင်းသို့ ဝင်ရောက်လာလေသည်။

ရှင်းမျက်လုံး တွေကိုဖွင့်လိုက်တော့ အခန်းထဲမှာ
ဘယ်သူမှမရှိ ။ ရှင်း ကဗျာကယာနှင့်မြန်မြန်ထလိုက်သည်။ နာရီကြည့်လိုက်တော့ 9နာရီ ခွဲနေလေပြီ။

သူ ညက အိပ်တာနောက်ကျသောကြောင့် ထင်သည်။ နိဒါန်းကသူအိပ်ရေးပျက်မှာစိုးရိန်သောကြောင့် မနှိုးခဲ့တာဖြစ်မည်။ စားပွဲပေါ်မှာ စာရွက်ပိုင်းလေးတစ်ခု။ သူဖတ်လိုက်တော့

" ငါတို့မနေ့က
စားတဲ့ဆိုင်မှာငါစောင့်နေတယ်မင်းအိပ်ရေးပျက်မှာစိုးလို့ထားခဲ့တာ နိုးရင်လာခဲ့ရှင်း'''

သူအိပ်ယာပေါ်မှ ထထိုင်လိုက်သည်။ လက်ပတ်နာရီကိုကြည့်လိုက်တော့ 9နာရီခွဲနေပြီဖြစ်သည်။

သူရေချိုးဖို့အတွက် ပြင်ဆင်နေချိန်

" ဒေါက် ဒေါက်"

"ဘယ်သူလဲ"

"ကိုယ်ပါ အချစ်ဆုံး"

"ဟာ နှိုင်းရ ဝင်ခဲ့ တံခါးလော့မချထားဘူး"

နှိုင်းရ တံခါးလေးကို တွန်းဖွင့် ဝင်လာတော့ ရှင်းသည် ကုတင်ပေါ်တွင်ထိုင်နေလေသည်။

" ဟာ မင်းရေချိုးမှာ မဟုတ်လား သွားချိုး သွား"

" ဟုတ် နှိုင်းရ"

ခေါ်ပုံလေးကိုသဘော မကျသော်လည်း သူပြောတာကို ကလေးလေး တစ်ယောက်လို
ခေါင်းညိမ့်ပြီး ထွက်သွားတာမို့ သူသဘောကျစွာ ပြုံးလိုက်မိသည်။

ရှင်းပြန်ထွက်လာတော့ စားပွဲပေါ်မှာ coffeeပူပူတစ်ခွက်။နှိုင်းရကတော့ခုံပေါ်တွင်ထိုင်နေလေသည်။ ရှင်းနှစ်ခြိုက် စွာ ယူကာသောက် လိုက်တော့ ခါးသက်သက် အရသာက ချိုမြိန်စွာ စိမ့်ဝင်လာသည်။

သူသောက်ဖူးသမျှ ထဲတွင် အကောင်းဆုံးcoffee

" ခင်ဗျားဖျော် ပေးထားတာလား"

နှိုင်းရ မျက်လုံးပင့်ကြည့်သည်။

" ရှင်း ဒီအခန်းထဲမှာ မင်းနဲ့ငါ နှစ်ယောက်တည်း ရှိတာလေ ငါမဖျော်ပေးလို့ ဘယ်သူဖျော်ပေးမှာလဲ"

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now