Part28 ( end)

2.8K 45 6
                                    

Zawgyi

သွားမည့်နေ့

ရှင်းတညလုံးအိပ်မရ လွမ်းတဲ့စိတ်နဲ့ ခွဲခွာရတော့မည် ဟူသော စိတ်က
လူကို ရူးသွပ်စေသည်။

မျက်ရည်ကျစေသည်။

ဒါပေမဲ့ မဖြစ်နိုင်တော့ ။

airpotသို့ရောက်တော့ လေယာဉ်ချိန်က
9ခွဲမှဖြစ်သဖြင့် သူ တို့ထိုင်စောင့်နေသည်။

ထိုစဉ် နှိုင်းရ ရောက်လာသည်။

"ရှင်း နဲ့ နိဒါန်း မင်းတို့ဆုံးဖြတ်ချက်မပြင်တော့ဘူးလား "

" ဟင့် အင်း မပြင်တော့ဘူး "

" အော် အင်း ဟိုရောက်ရင် ကျန်းမာရေးဂရုစိုကိ
ပျော်ပျော်ရွှင်ရွှင်နေကြ "

" အင်း ပါကွာ "

" အေး အေး "

" ပြီးတော့ နိဒါန်း'

" အေး ပြော"

" ရှင်းကိုဂရုစိုက်ပါကွာ "

"အေးပါဟ "

ထိုစဉ် လေယာဉ် ပေါ်လိုက်ပါရန် အကြောင်းကြားသံ ကြားရသည်။

" ကဲ ငါတို့သွားတော့မယ်"

"............ အင်း ပါ"

နိ ဒါန်းနှင့် ရှင်း ထွက်သွားတာနှင့် နှိုင်းရ၏
ဟန်ဆောင်ထားသော မျက်ရည်တွေကျဆင်းလာသည်။

သူမခွဲ နိုင်"

ရှင်းမှာလဲ ထွက်သာလာရသော်လဲ မျက်လုံးထဲက
နှိုင်းရပုံစံက မထွက်နိုင်။

သူမရှိ ရင် ကိုကိုငိုနေမလား

အားငယ်တက်သော ကိုကိုအား အားပေးမဲ့သူမှ
ရှိပါ့မလား

ကိုကိုအခြားသူအသစ်တွေ့သွားမလား

သူ စိတ်မချနိုင်

နိဒါန်းသည် သူ့စိတ်ကိုလှမ်းဖတ်လိုက်ဟန်ထင်ပါသည်။

' ရှင်း မင်းစိတ်မချ ဖြစ်နေလား "

" အင်း ဒါပေမဲ့ ငါပြန်သွားလို့အဆင်ပြေပါ့မလား'
ငါ ပြန်ချစ်လို့ ရပါ့မလား

"
အချစ်မှာ ဘယ်နှစ်ကြိမ်မြောက်ဆိုတာ မရှိပါဘူးကွာ
အခွင့်အရေး ရှိသလောက်ချစ်လို့ရပါတယ်"

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now