Zawgyi
" အဖေ ကျွန်တော်လက်မခံနိုင်ဘူး ကျွန်တော့်မှာ ချစ်သူရှိတယ်"
" ဘာ......ချစ်သူ ဘယ်သူလဲသား"
" ဟို ဟို ......
" ပြောပါသား ဘယ်လိုမိန်းကလေးလဲ'
" မိန်း မိန်းကလေး မဟုတ်ဘူးအဖေ"
" ဘာ မိန်းကလေးမဟုတ်ဘူး"
"ဟုတ် ဟုတ်တယ် အဖေ "
" ဒါဆို ယောင်္ကျားလေးလား"
"် ဟုတ်ပါတယ်"
" ယောင်္ကျားလေးချင်းဆိုရင်တော့ အဖေ လုံးဝသဘော မတူဘူး သား"
" ဗျာ ဘာဖြစ်လို့လဲ"
နှိုင်းရ မကြားချင်ဆုံးစကားတခွန်းဖြစ်သည်။
ဒါပေမဲ့ သူကြားလိုက်ရပြီ" အဖေတို့ မျိုးရိုးမှာ အဲ့လိုမရှိဘူး သား
ပြီးတော့ အဓိပ္ပာယ်လည်း မရှိဘူး
ဘယ်လိုမှမဖြစ်နိုင်ဘူးသား"" အဖေ အဲ့လိုမပြောပါနဲ့ အဓိပ္ပာယ်ဘာလို့မရှိရမှာလဲ လူသားချင်းချင်း ချစ်ကြိုက်မိတာ ဘာမှားလို့လဲ "
" မှားတာပေါ့ နှိုင်းရကိုကို မိန်းကလေးတွေ ဒီလောက်များတဲ့ လောကမှာ ယောင်္ကျားလေးချင်းပြန်ကြိုက်တယ်ဆိုတာ သိပ်ကိုမှားတာ"
" မဟုတ်ဘူး အဖေ မမှားဘူး "
" တော်တော့ နှိုင်းရ မင်းကောင်လေးကဘယ်သူလဲသာဖြေ"
" ရှင်းရောင်ခြည် ပါ အဖေ"
" သူဆိုပိုဆိုးတယ် သား အဖေလုံးဝသဘောမတူနိုင်ဘူး"
"ဘာ ဘာဖြစ်လို့လဲ ရှင်းကဘာဖြစ်နေလို့လဲ"
အဖေသည် နှိုင်းရမမြင်ဖူးသော အပြုံးတခုကိုပြုံး
လိုက်ပြီးမှ တည်ငြိမ်သော အသံ အေးစက်လွန်းသော
အသံနှင့် ပြောလေသည်။" သူ ဒီကနေပြောင်းသွားပြီး ခြောက်တန်းနှစ်လောက်မှာ ကားအက်ဆီးဒင့်
ဖြစ်တယ် ပြီးတော့ ဦးနှောက် ထိခိုက်သွားပြီး
နှစ်နှစ်လောက် ဘာမှ မမှတ်မိတော့ဘူး
နောက်ပြီး အဲ့ကောင်လေးက ဦးနှောက် ထိခိုက်ပြီး
ရှော့ဖြစ် နှလုံးရောဂါလည်းရှိတယ် "
YOU ARE READING
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Romanceအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ