part14

883 42 4
                                    

Zawgyi

နှိုင်းရတို့ အားလုံး အထုပ်အပိုးတွေကိုယ်စီနှင့်
စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်ခဲ့ကြသည်။ အဝေး ပြေးကားဂိတ်တွင်
ကားများ လူများနှင့်ရှုပ်ယှက်ခတ်နေလေသည်။
နှိုင်းရ တို့၏ခရီးစဉ်ကလည်းပြောင်းသွားခဲ့သည်။

အစက အင်းလေးသွားမှာပေမဲ့ အခုတော့အခြေအနေအမျိုးမျိုးကြောင့် ချောင်းသာပြန်ဖြစ်သွားသည်။ လူကလည်းအစက ဆယ့်ငါးယောက်သွားမှာပေမဲ့အခုတော့ ဆယ့်နှစ်ယောက်ပြန်ဖြစ်သွားသည်။

ယောင်္ကျားလေး ခုနှစ်ယောက် မိန်းကလေးငါးယောက်ဖြစ်သည်။ ကားကိုတော့ နှိုင်းရ၏အဖေက ကားစင်းလုံး ငှားပေးထားသဖြင့် ပူစရာမလို။

စားသောက်ဆိုင်အတွင်းသူတို့ရဲ့ အသံသည်ကျွတ်ကျွတ်ညံနေလေသည်။ မိန်းကလေးတွေက ပိုဆိုးသည်။ ဆူညံနေသည်မှာ
ဆိုင်ရှေ့သစ်ပင်က ကျီးတစ်အုပ်ကပင် အရှုံးပေးရမည်ဖြစ်သည်။

နှိုင်းရကတော့ ဒါတွေအားလုံးကိုငေးကာ ကြည့်လိုက်
ရှင်းကိုကြည့်လိုက်နှင့် စိတ်တိုင်းကျ အကြည့်တော် လုပ်နေလေသည်။

ရှင်းကတော့ တော်တော်ပျော်နေသည်ဆိုသည်မှာ ပြောစရာတောင်မလို။ မျက်နှာနုနုဖတ်ဖတ်လေးကလန်းဆန်းနေလေသည်။

ရှင်းပျော်နေတာကိုမြင်ရသဖြင့် နိဒါန်းသည် ပို၍စိတ်ချမ်းသာ နေမိသည်။ ရှင်းသည် နှိုင်းရနှင့် ဒီလို ခရီး အတူတူထွက်ရသဖြင့် ပိုပျော်နေကြောင်းကိုတော့ သူတစ်ယောက်တည်းသာ ရိပ်မိသည် ထင်ပါသည်။

သူရင်ထဲ သိပ်မကောင်းပေမဲ့ သူချစ်ရသူ တစ်ယောက် ပျော်နေမယ်ဆို သူဘာပဲစတေးရစတေးရ လုပ်ပေးနိုင်ပါသည်။

သူ့တစ်ဘဝလုံးစာ ပျော်ရွှင်မှုနှင့် နှလုံးသားကိုရင်းရမည် ဆိုရင်တောင် သူပေးနိုင်ပါသည်။ ဒါတွေကိုရှင်းကတော့ သိနိုင်မည်မဟုတ်။ သူ ရှင်းကိုငေးမောရင်း သက်ပြင်းသာ ချလိုက်မိပါသည်။

ထိုစဉ် သူတို့ စီးရမည့် စင်းလုံးကားဆရာ ရောက်လာပါသည်။

" ကားထွက်လို့ရပါပြီ ညီလေးတို့ "

" သြော် ဟုတ်ကဲ့ ဒါဆိုသွားကြမယ်လေ ပိုက်ဆံရှင်း လိုက်တော့"

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now