Part13

970 49 6
                                    

Zawgyi

နှိုင်းရ မျက်နှာကြီးသည် တဟဲဟဲနှင့် သကြားခဲကတောင်အရှုံးပေးရမည့်မျက်နှာကြီးဖြစ်နေသည်။ ပျော်နေရှာမှာပေါ့

သူတို့သူငယ်ချင်းတွေခရီး စုထွက်မယ့် အထဲ ဒီကောင်ကြိုက်နေတဲ့ ရှင်းရောင်ခြည်ဆိုသောကောင်လေးပါနေတာကိုး။
မပါလို့လဲမရ နှိုင်းရကိုယ်တိုင်ကထိုင်ကန့်တော့မလိုအထိ လိုက်ဖို့ခေါ်ထားလေသည်။

နှိုင်းရမျက်နှာကြီးကို ကြည့်ရင်း ရူးသုံ အမြင်ကတ်လာသည်။ ပြောတော့ သူ့ကိုယ်သူ အစွဲအလမ်းကြီးသလေး ဘာလေးနှင့် တေးရတုဆိုသောကောင်လေးလက်ထပ်သွားတာမှ တစ်လမပြည့်သေး

သူကချစ်ရမယ့်သူအသစ်တွေ့လေပြီ။

"ဟေ့ကောင် ကိုကို မင်းမျက်နှာကြီးပြင်ကွာ ကြာရင်ငါ ထန်းလျက်တို့ သကြားတို့ မစားချင်ဘဲရှိရော့မယ် ရုပ်ကိုကဟိုမှာက လိုက်မယ်မလိုက်ဘူးမသေချာသေးဘူး"

"သူကတော့ရအောင်လိုက်ခဲ့မယ်ပြောပါတယ်ရူးသုံ ရာ မင်းသူငယ်ချင်း တစ်ခါတစ်လေ မျက်နှာလေးပြုံးရွှင်နေတာ တိတ်တိတ်နေစမ်းပါ"

"မင်းပြုံးတာချည်းကလွန်လွန်းလို့ပါကွာ မင်းတစ်ခါတစ်လေတွေကိုပေါင်းလိုက်ရင်အခါတစ်ရာတောင် ကမယ်မထင်ဘူး "

"သူငယ်ချင်းရာ ငါလည်းသင်္ချာ တွေပဲတွက်နေရတော့တစ်ခါတစ်လေ ခရီးလေးထွက်ရမယ်ဆိုတော့ဝမ်းသာလွန်းလို့ပါ"

"မသိရင်ခက်မယ် ကိုကိုရာ သင်တန်းကတစ်ပတ်မှငါးရက် မင်းလာတတ်တာကနှစ်ရက်လောက်ကို
ဟိုကောင်လေးပါလို့ပျော်တယ်ဆိုရင် ပျော်တယ်ပေါ့ကွာ ဟင်း "

"ဟီး မင်းကလည်းသိရက်သားနဲ့ကိုကွာ အဲ့ဒါများ"

"သိတယ် သိလို့ကိုတမင်ပြောတာ မင်းမျက်ခွက်ကြီးကြည့်မရလို့ကွ"

"ရူးသုံကလည်းကွာ ငါသူ့ကိုတကယ်ချစ်မိသွားပြီကွ
အဲ့ဒါအရမ်းကိုသေချာတယ် ဒါပေမဲ့ငါစိတ်မကောင်းဖြစ်တာက ငါ့ကိုကောင်လေးကမမှတ်မိတော့တာပဲ"

"အေး မမှတ်မိဘူးဆိုတာကသူ့အကြောင်းနဲ့သူရှိမှာပေါ့ကွာ မင်းကောင်လေးကိုတကယ်ချစ်သွားပြီဆိုရင်တော့ မင်းပထမဆုံးရင်ဆိုင်ရမှာက နိဒါန်းဆိုတဲ့ ငနဲလေးပဲ
အဲ့ကောင်လေးက သူ့သူငယ်ချင်းနား မင်းကပ်တာကိုမကြိုက်ဘူးထင်တယ်ကွ "

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now