အပိုင်းဆက် ၁

719 12 0
                                    

Zawgyi

ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံလှသော
နေ့မြတ်လေး

အနေ့နေ့အလလ စောင့်ခဲ့ရသော
နေ့လေး

" ဟဲ့ သတိုးသားသွားခေါ်စမ်း သူ့မိန်းမကိုပြရအောင်လို့ ဘယ်လောက်လှလဲလို့"

"  ဟုတ်ကဲ့ အန်တီ"

နိဒါန်း အဝတ်လဲခန်းထဲမှ ပြေးထွက်လာခဲ့သည်။

နှိုင်းရကို သွားခေါ်ရမည်။

ဒီနေ့က သူ့အချစ်ဆုံးသူငယ်ချင်း၏မင်္ဂလာပွဲ

ဟော  တွေ့ပြီ camera တစ်လုံးနှင့် သတိုးသားကြီး

" နှိုင်းရ  "

" အော်နိဒါန်း ရှင်းအသင့်ဖြစ်နေပြီလား"

" အေး အန်တီက မင်းသတိုးသားလေးကို
  တစ်ချက်လာကြည့်ပါဦးတဲ့"

နှိုင်းရ  မျက်နှာ ဝင်းလက်သွားသည်။

" ပြီးသွားပြီလား ပြင်လို့"

" အေး"

" ငါသွားကြည့်လိုက်ဦးမယ် နိဒါန်း
    ဧည့်သည်တွေတစ်ချက်ကြည့်ထားလိုက်"

" အေးပါ အေး အေး"

သူရှေ့မှ ပြေးထွက်သွားသော နှိုင်းရကို
ကြည့်ရင်း နိဒါနါး သဘောကျမိသည်။

နှိုင်းရသည် ရှင်းကိုတော့
တော်တော်ချစ်သည်။ ဒီအတွက်ကြောင့်
သူ ရှင်းကိုနှိုင်းရလက်ထဲမှာ စိတ်ချပါသည်။

ရှင်းကို သူသာ ပိုင်ဆိုင်ချင်ပေမယ့်
ရှင်း ရွေးချယ်ခဲ့တာက သူမဟုတ်တော့သူဘာများ တက်နိုင်မှာလဲ ။

သူ့သူငယ်ချင်းလေး မွေးနေ့ကို
အတက်နိုင်ဆုံး ဝန်းရံပေးရုံသာ

ဧည့်သည်တွေလာကြပြီပဲ
သူ ကြိုဆိုရန် ပြင်ထားလိုက်မိသည်။

×××××××××

နှိုင်းရ အဝတ်လဲခန်းထဲသို့ ကသောကမျော
ဝင်လာသည်။

သူတွေ့ချင် လှပြီ

" သား နှိုင်းရ သား ချစ်သူ ကိုကြည့်စမ်း မလှဘူးလား"

လင်းလတ်နေသော မီးရောင်အောက်မှာ
အဖြူရောင် အနောက်တိုင်းဝတ်စုံပြည့်နှင့်
ခန့်ညားလှသော ရှင်း

အချစ်မှာဘယ်သူမဆို (completed)(Z+U)Tempat cerita menjadi hidup. Temukan sekarang