Part22

647 28 0
                                    

Zawgyi

နောက်တနေ့တွင် ရှင်းသည် အိမ်မှထွက်ခဲ့ကတည်းကစိတ်မပါ

ကျောင်းတက်ရတာလဲစိတ်မပါသဖြင့် မနက်တည်းက
ကန်တင်းမ် မှာ လာထိုင်နေမိသည်။

သူ အတွေးတွေဖြင့် ကော်ဖီငုံ့သောက်နေတုန်း
ကမ်းခြေက မနက်ခင်းလေးဆီ အတွေးတွေကပြန်ရောက်သွားသည်။

အဲ့တုန်းကတော့ သူဖျော်ပေးတဲ့ ကော်ဖီလေးကိုသောက်ခဲ့ရတာပဲ။

ပြီးတော့ မေ့ဖျောက်လို့မရအောင် စိုးမိုးထားခဲ့သည့်
ညင်သာနူးညံ့သော အနမ်းလေးတပွင့်

အဲ့အချိန်တုန်းကတော့ အချစ်ဆိုတာ ရှိသေးသည်ထင်ပါသည်။

အခုတော့...

" ရှင်း "

သူအတွေးတွေနှင့် လွန်ဆွဲနေတုန်းမှာ
သူနှစ်သက်သော ခေါ်သံလေးတစ်သံက နားထဲ တိုးဝင်လာသည်။

သူကြည့်လိုက်တော့ သူနဲ့အနီးဆုံးမှာ
သူချစ်ခဲ့ဖူးသော လူသည် ရပ်နေလေသည်။

" သြော် နှိုင်းရကိုကို"

" ရှင်း မင်းကို ငါပြောပြစရာတွေရှိတယ်
ကန်ပေါင် ကို လိုက်ခဲ့ပါလား"

" ဟုတ်ဗျာ နားထောင်ကြည့်တာပေါ့"

" အင်း"

အသက်မပါသည့် ကြည်နူးခြင်းမဲ့ အပြုံးတွေနှင့်
နှိုင်းရ ထွကိသွားသည်။

ကန်ပေါင်ဘေး ခုံတန်းလျားဘေးရောက်တော့

" ရှင်း မင်းနဲ့ငါ လမ်းခွဲရအောင်"

ရှင်း သူမကြားချင်သော စကားတခွန်းကိုကြားလိုက်ရသည်။

ဒါပေမဲ့ ဒီစကားကို ကြားရမည်ဆိုတာသူသိပါသည်။
ဒါကြောင့် သူဟန်ဆောင်ခြင်းကို ကောင်းစွာ
အသုံးချလိုက်နိုင်ပါသည်။

" ရတယ်လေ ကျွန်တော် လမ်းခွဲပေးပါ့မယ်
ကိုနှိုင်းရကိုကို"

" ရှင်း မင်းငါ့ကိုနည်းနည်းလေးတောင်
မဆွဲထားချင်ဘူးလား"

" ဟင့် အင်း မဆွဲထားချင်ဘူးဗျ ကျွန်တော့်ကို
တကယ့်အချစ်စစ်နဲ့မချစ်ခဲ့တဲ့သူကိုကျွန်တော်
ကအရူးအဖြစ်ခံပြီး ဆွဲထားရမှာလား"

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now