Zawgyi
သူ ခြေလှမ်းတွေ လေးကန်စွာဖြင့် အပေါ်ထက်သို့တက်ခဲ့ပါသည်
ဒီနေ့လဲ သူ ရှင်းကို မသိချင်ယောင် မမြင်ချင်ယောင် ဆောင်ခဲ့ရပြန်သည်။သူထိုသို့ လုပ်နေရသည်မှာ တပတ်ပင်ကျော်ခဲ့ချေပြီ။
တကယ်ဆို သူထိုသို့မလုပ်သင့်မှန်းသိပါသည်။
ဒါပေမဲ့ အခြားနေရာတွင်သတ္တိရှိသော သူက
ဒီလိုနေရာမှာတော့ သတ္တိတွေ အားလုံးပျောက်ကွယ်နေမိပါသည်။ရှင်းသည် သူထိုသို့ပြောင်းလဲသွားပုံကို ပထမဆုံးနေ့ နဲ့ ဒုတိယနေ့တွေတုန်းကတော့
ထူးဆန်းသလို အံ့သြသလို ဝမ်းနည်းသလို
မျက်နှာထားနှင့် ကြည့်တတ်ပေမဲ့
ဖုန်းထဲကို missedcallတွေ မတ်ဆေ့ခ်ျ တွေ အများကြီး
ပို့ထားတက်ပေမဲ့ အခုတော့ အနည်ထိုင်သွားပြီထင်သည်။သူ့ကိုမြင်လျှင် အကြည့်စူးစူးဖြင့် မျက်စောင်းထိုးသွား တက်သည်။ အရင်က
ချိုသာသော အဝင်ကောတွေ ချိုမြိန်သောမတ်ဆေ့ခ်ျတွေနဲ့ ပြည့်နှက် နေသောphoneလေးက အခုတော့
တိတ်ဆိတ်စွာဖြင့် ငိုကြွေးနေပေသည်။သူ့ကို ပို့ထားတက်သည့် စကားတွေကိုပြန်မြင်ယောင်ကာ မတ်ဆေ့ခ်ျလေးတွေရောက်များရောက်လာလေမလား ဟုမရေရာသော
စိတ်ကူးများဖြင့် မျှော်လင့်နေမိဆဲပင်။တကယ်တော့ သူမှားပါသည်။
သူတခါတည်းလမ်းခွဲလိုက်လျှင် နာကျင်မှုတွေက
အကုန်မဟုတ်တောင်အနည်းငယ်တော့ သက်သာသွားလောက်သည်။ဒါပေမဲ့ သူမလုပ်ရက်။
အရှင်းဆုံးပြောရ ရင်တော့ မလုပ်နိုင်ခြင်းသာဖြစ်ပေမည်။ချစ်လွန်းလို့ လက်တွဲခဲ့ပြီးမှ ဘာကြောင့်များ
ချစ်သည့်သူကို ဖြတ်ပစ်ရမှာလဲ။သူနားမလည်နိုင်။
သူရဲ့ နားမလည်နိုင်ခြင်းတွေ မြန်မြန်အဆုံးသတ်ရင်
သိပ်ကောင်းမှာ ။ကျောင်းပြီးဖို့ ခြောက်လလောက်ပဲလိုတော့သည်။
ကျောင်းပြီးလျှင် သူ ဟန်ထွေးနှင့်လက်ထပ်ရတော့မည်။သူ ရှင်းနဲ့ပဲ လက်ထပ်ချင်သည်။
သူချစ်သောသူနဲ့ပဲ ယူချင်သည်။
![](https://img.wattpad.com/cover/183410437-288-k566976.jpg)
YOU ARE READING
အချစ်မှာဘယ်သူမဆို (completed)(Z+U)
Romanceအချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ အချစ်ဆိုတဲ့အရာမှာ မည်သူမဆိုချစ်လို့ရတာပဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျၤားလေးပဲဖြစ်ဖြစ် ရင်ခုန်လာရင်ချစ်မိခြင်းပဲ