Part24

743 30 1
                                    

Zawgyi

ဒီနေ့ နှိုင်းရနှင့် ဟန်ထွေးတို့ စူပါမားကတ်သို့
ဈေးဝယ်ထွက်ခဲ့ကြသည်။

နှိုင်းရ သည် စိတ်မပါသော်လည်း အဖေ့မျက်နှာ ရှိနေသေးသဖြင့် မျက်နှာ ဟန်ဆောင်အပြုံးနှင့်
နှုတ်ခမ်းမှာ ဟန်ဆောင်စကားတွေကိုမနည်း
အားတင်းပြီး လုပ်ယူထားရသည်။

ဟန်ထွေး ရှေ့ကဝယ်သမျှ ကို နောက်ကနေ
အင်း တလုံးတည်းဖြင့် နေနေရသည်။

အမှန်တော့ ဒီပစ္စည်းတွေကို ရှင်းနှင့်အတူတူ
ဝယ်ချင်တာဖြစ်သည်။

ဒါပေမဲ့ စိတ်ကူးဆိုတာ လက်တွေ့နဲ့တခြားစီပါ။

" ကို "
ဟန်ထွေး၏ ကို ဟူသော ခေါ်သံသည်
ရှင်း ၏ ကိုကို ဟူသော အသံလောက်မချိုသာ

" အင်း ဟန်ထွေးပြော "

" ဟာ လုပ်ပြန်ပြီ ဟန်ထွေးကို babyလို့ခေါ်ပါဆို"

" ဟာ sorry ပါကွာ ကိုမေ့သွားလို့"

အမှန်တော့ နှိုင်းရ မေ့သွားခြင်းမဟုတ်။
အရှေ့က လူနှစ်ယောက်ကြောင့် ဖြစ်သည်။

နိဒါန်းနှင့် ရှင်း

သူ့ကို မြင်တော့ မသိချင်ယောင်ဆောင်သွားကြသည်။

" ဟန်ထွေး"

" အင်း 'ကို ' ပြောလေ "

" ကို အသိတစ်ယောက်နဲ့တွေ့လို့ ခဏနော်"

" အော် သွားလေ ကို"

ဟန်ထွေးဆီမှ ခွင့်ပြုချက် ရ ရချင်း သူရှင်းတို့ထွက်သွားရာဘက်သို့ ထွက်လာခဲ့သည်။

" ရှင်း ရှင်း ရှင်း"

ရှင်း လှည့်ကြည့် သည်။ နိဒါန်းလဲ တူတူပါပဲ

" မင်း ဘာဒုက္ခပေးဦးမလို့လဲ"

" ငါ ဘာ ဒုက္ခမှ မပေးပါဘူး ငါရှင်းနဲ့ စကားပြောချင်တာပါ"

" မင်း နဲ့ရှင်း ကဘာမှပြောစရာမရှိတော့ဘူးလေ"

" ငါ ဘက် က ငါ့ဘက်က ပြောစရာတွေအများကြီးရှိနေသေးတယ် "

"ရှင်း က '

" တော် တော့ နိဒါန်း ငါသူနဲ့စကားပြောလိုက်မယ်"

ရှင်း ၏ ဝင်ပြီးပြောမှုကြောင့် နိဒါန်း အသံရပ်သွားသည်။ ရှင်းကို တချက်လှမ်းကြည့်ကာ
ခေါင်းညိမ့်ပြရင်း အခြား ကောင်တာဘက်သို့ထွက်သွားသည်။

အချစ်မှာဘယ်သူမဆို (completed)(Z+U)Where stories live. Discover now