(၁)

12.3K 1K 38
                                    

Unicode Ver

၁။ အထူးတာဝန်ရဲ့သုံးသပ်ချက် 

သူမတကယ်ပင်ပန်းနေသည်။ စိတ်ဝိညာဉ်ထဲကကို ပင်ပန်းနေတာကြောင့် လှဲချပြီး အိပ်ဖို့ဆုံးဖြတ်လိုက်သည်။

အချိန်နည်းနည်းကြာတော့ စိတ်ကြည်လင်စွာ နိုးထလာသည်။ အပျင်းကြောဆန့်ကာ မေးလိုက်သည်။
"System 2333 samaရေ နင်ရှိလား?"

"ရှိတယ်ဗျ"
System 2333က ပြန်ဖြေသည်။
"နောက်တာဝန်တစ်ခုကို လက်ခံတော့မလို့လား?"

နဉ်ရှုက ခေါင်းငြိမ့်လိုက်သည်။
"ဒီတစ်ခေါက် အရမ်းရှုပ်တာတွေ မလုပ်ဘူး။ လွယ်လွယ်ကူကူနဲ့  သက်သက်သာသာလုပ်ရမယ့်ဟာကိုပေး"

"ဟုတ်ပြီ။ ရိုးရိုးတာဝန်လေးပဲ ရွေးပေးမယ်"
2333က စိတ်ဓာတ်တက်ကြွစွာ ပြောသည်။

"သြော် ဟုတ်သားပဲ။ ပြီးခဲ့တဲ့တာဝန်က အထူးတာဝန်မလား? ငါ့သုံးသပ်ချက်ကရော?"
နဉ်ရှုက မေးသည်။

2333က မေးသည်။
"နောက်ကမ္ဘာကို အခုသွားချင်လား?"

"ငါနင့်ကို ငါ့တာဝန်သုံးသပ်ချက်မေးနေတာ။ နင်ပဲပြောတော့ အထူးတာဝန်က သာမန်ကစားသမားတွေအတွက် လိုတယ်ဆို? ပြီးတော့ ကိစ္စတွေကို ကိုင်တွယ်ပုံပေါ်မှာ သုံးသပ်ချက်ရမယ်ဆို? ဘယ်မှာလဲ ငါ့ရဲ့အဲ့ဒီသုံးသပ်ချက်?"
နဉ်ရှုမေးတာကိုမဖြေဘဲ 2333က စကားလမ်းကြောင်းပြောင်းသွားတဲ့အခါ စိတ်ရှုပ်သွားသည်။

2333က ချီတုံချတုံနဲ့
"နင်တကယ်သိချင်တာလား?"

"သိလို့မရဘူးလား?"
နဉ်ရှုက မေးလိုက်သည်။

"သိလို့တော့ ရပါတယ်။ ဒါပင်မယ့် . . . နင့်သုံးသပ်ချက်က တကယ်ဆိုးတယ် ဝါး~~~"
System samaက ငိုနေတဲ့အသံနဲ့ ပြောသည်။
"နင့်လိုလူမျိုးနဲ့ ငါ့ကိုဘာလို့တွဲပေးခံလိုက်ရတာလဲ? နင်ကအနာဂတ်မှာ မျှော်လင့်ချက်မရှိဘူး"

နဉ်ရှု : ➡ _ ➡
တကယ်ကြီး ဆိုးဝါးနေတာလား? ကောင်းကောင်းဆိုးဆိုး ငါ့တာဝန်ပြီးတယ်လေဟာ

"ငါ့ကိုသုံးသပ်ချက်ပြောကြည့်"
နဉ်ရှုက ပြောလိုက်သည်။

"ဟုတ်ပြီ။ အဲ့ဒါဆိုရင် သေချာနားထောင်နော်။ ကစားသမား2333နှင့် system 2333တို့၏ အထူးတာဝန်အတွက် သုံးသပ်ချက်မှာ : Styleက အလွန်တရာကြမ်းတမ်းသည်။ စည်းစနစ်လုံးဝမရှိဘဲ အလုပ်လုပ်တက်သည်"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now