(၁၇)

6.1K 970 11
                                    

Unicode Ver

၁၇။ မိဘတွေကြောင့် ဖြစ်မယ် 

နဉ်ရှုက အရိုးခေါင်းကို အငေးကောင်းနေတာဖြင့် ခလုတ်တိုက်မိသည်။ ကွဲလွယ်တဲ့အရာတစ်ခုခုကို တက်နင်းမိတော့ အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ ပေါင်အရိုးတစ်ချောင်းတွေ့တော့ လန့်ခုန်မိမတက်ပဲ။

ေ×ာက်ကျိုးနည်း! ဒီနေရာကို ဘာဖြစ်လို့ ကြောက်ဖို့ကောင်းအောင် ပြင်ဆင်ထားရတာလဲ? ဒီအရိုးတွေကို လွှတ်မပစ်နိုင်ဘူးလား?

"ဘာကို သွားရန်စလာခဲ့တာတုန်း? အဲ့ဒါက အရမ်း အားကောင်းလွန်းတယ်"
နဉ်ရှုအနောက်ကနေ အသံတစ်သံထွက်လာတော့ သူမလန့်တုန်သွားသည်။ ဒီနေရာက လုံးဝမှောင်မဲနေတော့ သူမအနောက်မှာ လူတစ်ယောက်ရှိနေတာကို သတိမထားမိလိုက်ဘူး။

မီးခလုတ်ဖွင့်လိုက်သံတစ်ချက်နဲ့အတူ လင်းလာသည်။ နဉ်ရှုက မျက်စိကျိန်းသွားပြီး မျက်လုံးကို လက်နဲ့ပွတ်မိသည်။ သူမဖွင့်ကြည့်တော့ အသက်အရွယ်အရမ်းကြီးနေကာ တုန်ချိနေတဲ့ အဖွားအိုကို တွေ့သည်။ အဖွားအိုက မျက်တွင်းတွေချောင်ကျနေပင်မယ့် နဉ်ရှုကိုကြည့်တဲ့ အကြည့်တွေကတော့ စူးရှပြီး စူးစမ်းနေပုံရသည်။

နဉ်ရှုက ပြောသည်။
"ဖွားဖွားကြီး သမီးဒုက္ခရောက်နေလို့။ ဖွားဖွားကြီးဆီက အကူအညီလာတောင်းတာ"

နတ်ဆရာမကြီးက ထိုင်ပြီး ပြောသည်။
"ထိုင်လိုက်"

နဉ်ရှုက နတ်ဆရာမကြီး အရှေ့ကို အမြန်ထိုင်ချလိုက်သည်။ သူတို့ကြားမှာ ထူးဆန်းတဲ့အရာတွေတင်ထားတဲ့ လက်ဖက်ရည်စားပွဲတစ်လုံးရှိသည်။

နတ်ဆရာမကြီးက စားပွဲပေါ်က မီးအိမ်ကို မီးညှိလိုက်တဲ့အခါ ချိုမြိန်ပြီးရှင်းသန့်တဲ့အနံက ဖြည်းဖြည်းချင်း ပျံ့လွင့်လာသည်။ နဉ်ရှုက ချောင်းတစ်ချက်ဖွဖွဟန့်ကာ မေးသည်။
"ဖွားဖွားကြီး အဲ့ဒါဘာလဲဟင်? အနံလေးက မွှေးနေတာပဲ"

"ဒါကို ဝိညာဉ်ဖျက်စီးရေးမြက်ကနေ လုပ်ထားတာ။ တစ်ခါတည်းအများကြီးရှုမိရင် ဝိညာဉ်က ပျောက်သွားပြီး ရှင်လျှက်သေသလို ဖြစ်သွားလိမ့်မယ်"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now