(၃၉)

5.3K 822 52
                                    

Unicode Ver

၃၉။ အတူချကြရအောင်!

ဆုမန်ယွိက ကြောင်အသွားပြီး စိတ်ရှုပ်ထွေးစွာ သူ့ကိုငေးကြည့်နေသည်။ ထို့နောက်မှ ဆုမန်ယွိက သူမပါးလေးကို သူမအံ့သြတစ်ကြီးကိုင်ထားပြီး ကျိချင်းယွမ်ကို နာကျင်စွာကြည့်ရင်း
"ဘာအကြောင်းမှမရှိဘဲ ငါ့ကိုဘာဖြစ်လို့ လာရိုက်ရတာလဲ? ကျိချင်းယွမ် နင်အဲ့လောက်အထိ လွန်မလာနဲ့။ ငါ့အဖေတောင် ငါ့ကိုမရိုက်ရက်တာကို။ နင့်ကိုနင်ဘယ်သူများမှတ်နေလို့ ငါ့ကိုရိုက်ရတာလဲ?  ကျိချင်းယွမ် ငါနင့်ကိုကြိုက်တာနဲ့ နင်ကငါ့ကိုလုပ်ချင်တိုင်းလုပ်ရရောလား!"

ဆုမန်ယွိစကားများကိုကြားသောအခါ
"ငါက လင်းချမ့်ချမ့်ကိုယ်စား ရိုက်ပေးတာ။ ကောင်းကောင်းဆိုးဆိုး နင်တို့တွေက အခန်းဖော်တွေလေ။ ဆုမန်ယွိ နင်က လှေကားပေါ်က သူ့ကိုတွန်းချရုံတင်မကသေးဘူး။ အခုလည်း ခြေထောက်ကျိုးအောင် လုပ်ပြန်ပြီလား? အခုသူတစ်သက်လုံး ကျိုးသွားနိုင်တယ်။ ချမ့်ချမ့်ကတော့ ပြောဖူးပါတယ်။ နင်ကသူ့ကိုတချိန်လုံး ပြစ်မှတ်ထားနေတယ်လို့။ ဒါပေမယ့် နင်လင်းချမ့်ချမ့်ကို ဘယ်လိုတောင်လုပ်ရက်ရတာလဲ? ဆုမန်ယွိ ငါနင့်ကိုယုံမိတာ တကယ်ကန်းနေခဲ့တာပဲ။ နင်ဒီလောက်ရက်စက်မယ်လို့ ငါတစ်ခါမှမထင်ခဲ့မိဘူး"

ဆုမန်ယွိက ပိုဒေါသထွက်လာကာ ရူးရူးရှဲရှဲဖြစ်လာသည်။
"ငါဘာလုပ်ခဲ့မိလို့လဲ? ငါသူ့ကိုတွန်းမချဘူး။ ငါဘာမှမလုပ်ဘူး! နင်ငါ့ကိုသက်သက်မဲ့ လာစွပ်စွဲနေတာပဲ! သရဲမက သူ့ကိုတွန်းချလိုက်တာ။ အခုအဲ့လိုဖြစ်အောင် လုပ်လိုက်တာလည်း သရဲမပဲ။ ငါ့ကိုဘာဖြစ်လို့ အပြစ်လာတင်နေတာတုန်း? တကယ်လို့ ငါတို့သာ သူ့ကိုကယ်မထားရင် သူသေနေလောက်ပြီ။ ပြီးတော့နင် လင်းချမ့်ချမ့်ပါးစပ်က ထွက်သမျှ အကုန်ယုံနေတာပဲလား?"

"ငါချမ့်ချမ့်ကို နားလည်တယ်။ သူကစိတ်ထားကောင်းပြီး လူတိုင်းနဲ့လည်း အဆင်ပြေတယ်"
ပြီးနောက် ကျိချင်းယွမ်က အေးစက်စွာပြောသည်။
"ဘာ. . .သရဲ? ထပ်ပြီး ဒီသရဲမလား? ငါမရှိတာနဲ့ နင်တို့က သရဲမက အကြောင်းပြချက်ပေးပြီး ချမ့်ချမ့်ကို ဒုက္ခပေးနေတာမလား? သရဲမက ပြန်မငြင်းနိုင်တိုင်း နင်လုပ်ပြီး သရဲမကို လွှဲချနေတာပဲ"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now