(၁၂)

6.2K 934 36
                                    

Unicode Ver

၁၂။ ဘာဖြစ်လို့ ဝတ်မကြည့်တာလဲ? 

နဉ်ရှုက သူမအကြောက်တရားတွေ ပြယ်သွားတောင် အဆင့်မြင့်ကိုယ်ခံပညာကို ကျင့်နေသည်။

ဝုန်း!
နဉ်ရှုပိတ်ထားခဲ့တဲ့ ပြတင်းပေါက်က လေတိုက်လို့ ပွင့်သွားပြီး အခန်းမီးတွေကလည်း ချက်ချင်းပဲ ပြတ်သွားသည်။ အခန်းထဲမှာ အလင်းရောင်လုံးဝမရှိတော့ဘဲ ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကလည်း မင်နက်တွေလို မဲမှောင်နေသည်။ လိုက်ကာမှာလည်း ပြင်းထန်တဲ့လေကြောင့် ကျယ်လောင်စွာ တဖြတ်ဖြတ်လွင့်နေသည်။

နဉ်ရှုက အိပ်ရာပေါ်မှာ တုတ်တုတ်မှ မလှုပ်ဘဲ ထိုင်နေသည်။ သူမက မျက်လုံးစုံမှိတ်ကာ စိတ်ထဲမှာ အော်ဟစ်နေသည်။
ဒီအမကြီးက ဘာမှမမြင်ဘူးနော်။ ကြောက်ဖို့ကောင်းတာ ဘာမှမရှိဘူး။ မကြောက်ဘူး ~

နဉ်ရှုက ပုပ်အဲ့အဲ့အနံ့ကို ရလိုက်ပြီး သူမတစ်ကိုယ်လုံးကို ရေခဲရည်နဲ့ လောင်းခံလိုက်ရသလို ခံစားရသည်။ သူမခေါင်းက ချာချာလည်မူးလာပြီး အံ့ကိုကြိတ်ကာ မျက်လုံးကိုဆက်မှိတ်ထားရင်း အအေးဓာတ်ကို သူမစွမ်းအင်နဲ့ ပြန်လည်တိုက်ထုတ်နေရသည်။

"ရှဲ . . . ရှဲ . . ."
အသံတိုးတိုးတစ်သံ ထွက်လာပြီးတဲ့နောက် နီးသလိုလို ဝေးသလိုလိုကနေ မိန်းမတစ်ယောက်ရဲ့ ရှိုက်သံထွက်လာသည်။ သူမကိုယ်ပေါ်ကို ပူနွေးစွတ်စိုတဲ့အရည်ကျလာတာကို ခံစားမိသည်။ အဲ့ဒါက သွေးတွေလိုပဲ။

အခန်းထဲမှာ အအေးဓာတ်က ပိုတိုးလာပင်မယ့်လည်း နဉ်ရှုက မျက်လုံးကို ဆက်မှိတ်ထားတုန်းပဲ။ နှင်းမုန်တိုင်းထဲမှာ သူမက အဝတ်မဲ့စွာ ရပ်နေရသလို ခံစားရသည်။ သူမတစ်ကိုယ်လုံးကလည်း ထိန်းမရအောင်ကို တခိုက်ခိုက်တုန်လာသည်။

"မျက်လုံးဖွင့်ပြီးတော့ ငါ့ကို ဘာဖြစ်လို့ မကြည့်တာလဲ? ဘာဖြစ်လို့လဲ? ဘာဖြစ်လို့လဲ . . ."
အသံက အေးစက်ပြီး မုန်းတီးစွာ ခါးသီးမှုအပြည့်ဖြင့် ဖြစ်သည်။

နဉ်ရှုက သူမကိုယ်တွင်းက စွမ်းအင်ဖြင့် တိုက်ထုတ်ကာ တစ္ဆေကို လျစ်လျူရှုဖို့ အကောင်းဆုံး ကြိုးစားနေသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now