(၃၈)

5.3K 765 44
                                    

Unicode Ver

၃၈။ အပြစ်လွှဲချခံရခြင်း

နောက်ထပ်တစ်ခုက လင်းချမ့်ချမ့်ခေါင်းပေါ်သို့ ပြုတ်ကျလာပြန်သည်။ လင်ချမ့်ချမ့်ခေါင်းကွဲသွားတော့မည်ကို ကြိုမြင်မိပြီး ဆုမန်ယွိမှာ ပါးစပ်ကိုအလန့်တကြားအုပ်ပစ်လိုက်သည်။ နဥ်ရှုက သူမအတွင်းအားများကို လည်ပတ်စေကာ ပြုတ်ကျလာသည့်တစ်ခုကို ဝင်တားဆီးလိုက်သည်။

အခန်းတွင်းလှုပ်ရှားမှုမှာ ရပ်တန့်သွားပင်မယ့် အခန်းကတော့ ရှုပ်ပွသွားပြန်ပြီ။ နဥ်ရှုက လင်းချမ့်ချမ့်ခြေထောက်ပေါ်ပိနေသည့်အရာကို မဖယ်လိုက်သည်။ ကြည့်ရုံနဲ့တင် လင်းချမ့်ချမ့်အရိုးတွေကျိုးသွားမှန်း သိနေရပြီ။

"ကျိချင်းယွမ်ကို ဖုန်းခေါ်လိုက်ဦး"
နဥ်ရှုက ခေါင်းခါမိသည်။ ကြည့်ရသည်မှာ သရဲမက လင်းချမ့်ချမ့်ကို အတော်မုန်းနေပုံရသည်။ အဲ့ဒါကြောင့် လင်းချမ့်ချမ့်ကိုပဲ အမြဲပူးနေပြီး သတ်ဖို့ကြိုးစားနေခြင်းဖြစ်ရမည်။

ဆုမန်ယွိခေါ်ပြီးသောအခါ ကျိချင်းယွမ်က အလောတကြီး ရောက်လာသည်။ လင်းချမ့်ချမ့်က ကြမ်းပြင်ပေါ်မှာ ကျောက်ပတ်တီးကွဲကြေလျက် ကြိုးတုပ်ခံရပြီး မေ့လဲနေသည်ကိုမြင်ရသောအခါ သူချက်ချင်းသွားကြိုးဖြေလေသည်။ သူပွေ့ဖက်ထားရင်း ဆုမန်ယွိကိုကြိမ်းမောင်းတော့သည်။
"နင်တို့ဘယ်လိုလုပ်နေတာလဲ? လင်းချမ့်ချမ့်ကို ဒီလိုဖြစ်သွားရတဲ့အထိ! ကျောက်ပတ်တီးက ဘယ်လိုလုပ်ကွဲသွားတာလဲ? ဘာဖြစ်လို့ ကြိုးတုပ်ထားကြတာလဲ?"
ကျိချင်းယွမ်က မျက်မှောင်ကျုံကာ ရန်လိုစွာဖြင့်မေးသည်။

ဆုမန်ယွိက တရဆက်မေးခွန်းများကြောင့် ခနကြောင်အသွားပင်မယ့် ချက်ချင်းပြန်ငြင်းပါသည်။
"အပူးခံရတာ။ အဲ့ဒါကိုငါတို့က ဒီတိုင်းထားစရာလား? အပူးခံရတာက သူ့ကျန်းမာရေးအတွက်လည်း မကောင်းတာပဲကို။ ငါတို့က သူ့ကိုဘာလုပ်မယ်လို့ နင်ထင်နေတာလဲ? နင်လွန်နေပြီ! ကျေးဇူးပြုပြီး နင့်လင်းချမ့်ချမ့်ကို ခေါ်သွားပြီး ပြန်ပါတော့။ ငါတို့ကိုပဲ အကုန်လုံးအပြစ်ပုံချမနေနဲ့"

"တော်လောက်ပြီ ကျိချင်းယွမ်! တစ်ချိန်လုံး ငါ့မှာနင်နဲ့  ောက်ကျိုးနည်း ကွိုင်တက်နေရတာ။ ဒါတွေအကုန်လုံးက ငါက သူများကို အနိုင်ကျင့်တက်တဲ့သူလို့ နင်ထင်နေလို့ပေါ့ ဟုတ်လား"
ဆုမန်ယွိက နည်းနည်းလေးတောင် ယဥ်ကျေး​မှုမရှိတော့ဘဲ လက်ခါပြကာ
"ထွက်သွား! ဒီကနေသွားကြတော့! ထွက်သွားကြစမ်း!"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now