(၃၀)

5.9K 773 6
                                    

Unicode Ver

၃၀။ ကျိချင်းယွမ်လည်ပင်းညှစ်ခံရခြင်း

"ချမ့်ချမ့် သတိထား။ ချိုင်းထောက်ကိုသုံးလေ"
ကျိချင်းယွမ်က ပြောသည်။ လင်ချမ်ချမ့်က ကျိချင်းယွမ်ဆီကို ပြုံးကာဆက်လျှောက်လာသည်။ အနားကိုရောက်တော့ သူမကဖက်လိုက်သည်။

ကျိချင်းယွမ်က ရယ်သည်။
"ဟား ငါဘာလိုလုပ်ရမှန်း မသိတော့ဘူးကွာ။ တကယ်ကို . . ."

သူ့စကားမဆုံးခင်မှာပဲ လင်ချမ်ချမ့်က သူ့လည်ပင်းကိုညှစ်တော့သည်။ လည်ပင်းကိုညှစ်ပြီး မြှောက်ထားတာကြောင့် ကျိချင်းယွမ်က အသက်ရှုမ၀ကာ မျက်နှာကြီး နီရဲလာသည်။ ကျိချင်းယွမ်က လင်ချမ်ချမ့်လက်ကို ဘယ်လောက်ကြိုးစားဖယ်ဖယ် သူမလက်တစ်ချောင်းတောင်မှ မရွှေ့နိုင်လေဘူး။

သူကတဖြေးဖြေးအားလျော့လာသည်။ အဲ့ဒါကြောင့် သူ့ကောင်မလေးလက်ထဲမှာ သူသေရတော့မယ်လို့ တွေးမိလာသည်။

လင်ချမ်ချမ့်မျက်နှာက ဘာခံစားချက်မှမရှိဘဲ သူမက တတွတ်တွတ်ပြောနေသည်။
"ဘာဖြစ်လို့လဲ? ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငါ့ကိုဒီလိုဆက်ဆံရတာလဲ? ဘာဖြစ်လို့လဲ! ဘာဖြစ်လို့လဲ!"

အခန်းက ပိုအေးလာသလို ခံစားရတာကြောင့် နဥ်ရှုက နိုးလာသည်။ သူမအိပ်ရာပေါ်မှာ ထထိုင်တော့ လင်ချမ့်ချမ့်က ကျိချင်းယွမ်ကို လည်ပင်းညှစ်နေသည်။ အဲ့ဒါ့ကြောင့် နဥ်ရှုက ိညာဥ်ပုလဲကိုထုတ်ကာ ကုတင်ပေါ်က ခုန်မချခင် လင်ချမ်ချမ့်ကို ပစ်ပေါက်လိုက်သည်။

လင်ချမ်ချမ့်က ိညာဥ်ပုလဲထိတာနဲ့ အော်ပြီးနောက် သူမကမေ့သွားကာ ကျိချင်းယွမ်လည်ပင်းကို လွှတ်ပေးလိုက်သည်။ ကျိချင်းယွမ်ကလည်း ကြမ်းပြင်ပေါ်ကျလာကာ လည်ပင်းကို လက်တစ်ဖက်နဲ့ကာရင်း ချောင်းဆိုးကာသီးနေသည်။

နဥ်ရှုက ိညာဥ်ပုလဲကို ပြန်ကောက်လိုက်သည်။ လင်ချမ်ချမ့်မေ့သွားတာမြင်လို့ သွားကြည့်သည့်အခါ သူမကိုယ်ကရေခဲတုံးလို အေးစက်နေသည်။ ကျိချင်းယွမ်က သီးရင်း လင်ချမ်ချမ့်ကို ကြောက်လန့်တကြားကြည့်နေသည်။

"ထဦး။ နင်ကဘာဖြစ်လို့ အိပ်နေတာလဲ? မြန်မြန်လာကူဦး"
နဥ်ရှုက ဆုမန်ယွိကို လှုပ်နှိုးလိုက်သည်။ ဆုမန်ယွိက မျက်လုံးပွင့်လာတော့ စိတ်မကြည်လေဘူး။
"နင်တို့ဘာလုပ်နေကြတာလဲ? လူတွေကိုအိပ်ခွင့်ပေးကြပါဟ!"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now