(၃၂)

5.6K 784 1
                                    

Unicode

၃၂။ လင်ချမ့်ချမ့်က ဘာများကောင်းနေလို့လဲ?

နဥ်ရှုက ကျိချင်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက သရဲမနဲ့ တစ်နည်းနည်းပတ်သတ်နေတာ ဖြစ်နိုင်သည်။ ကြောင်ကကြွက်နဲ့ ကစားနေသလို သရဲမက သူတို့ကို ကစားနေခဲ့ပင်မယ့် ဒီနေ့တော့ ပုံမှန်လိုသည်းခံနိုင်ပုံမရဘူး။

နဥ်ရှုက ပြတင်းပေါက်ဆီသို့ လျှောက်သွားပင်မယ့် ဆုမန်ယွီက သူမစကတ်စကိုလှမ်းဆွဲထားသည်။
"ဘာလုပ်နေတာလဲ? အဲ့ဒီနားကို မသွားနဲ့"

နဥ်ရှုက ဆုမန်ယွီကို လုံး၀ဂရုမစိုက်တော့ သူမက စိတ်ဆိုးပြီး ခြေဆောင့်ကာ လွှတ်ပေးလိုက်သည်။ သူမကကြောက်နေတော့ နဥ်ရှုအနောက်ကိုလိုက်ရဲဘူး။

နဥ်ရှုက တစ်လှမ်းတို့တိုင်း သရဲမက နောက်ကိုဆုတ်လေသည်။ နောက်ဆုံးမှာတော့ လှည့်ပြေးသွားပြီး လေအေးတိုက်နေခြင်းလည်း ရပ်သွားတော့သည်။

"Wow ကျွမ်းယုထုံ မဆိုးဘူးပဲ။ သရဲကိုတောင် ကြောက်အောင်ပြန်လုပ်နိုင်တယ်!"
ဆုမန်ယွီက နဖူးက ချွေးအေးတွေကို သုတ်ရင်းပြောသည်။

နဥ်ရှုက သရဲမကို တော်တော်လေး အာရုံနောက်နေပြီ။ တစ်ယောက်ယောက်ကိုမုန်းတယ်ဆိုရင်လည်း သွားလက်စားချေလိုက်လေ။ သူတို့လို အပြစ်မရှိတဲ့သူတွေနဲ့ ဘာလို့လာခြောက်နေတာလဲ?

အဲ့ဒီအချိန်မှာ ကျိချင်းယွမ်မျက်နှာက ဖြူဖပ်နေရင်း စကားတတွတ်တွတ်ပြောနေသည်။
"ဒီမှာနေလို့မရဘူး။ လင်ချမ့်ချမ့်က ဒီမှာနေလို့မဖြစ်ဘူး"

"အဲ့ဒါဆိုရင်လည်း မြန်မြန်ခေါ်သွားလေ။ နင်တို့သွားလေ ကောင်းလေပဲ။ သရဲမက နင်တို့ကိုသတ်ချင်တယ် ဆိုတာက နင်တို့နဲ့ပတ်သတ်နေလို့ပဲ"
နဥ်ရှုက အရေးမပါသလို လက်ပြရင်းပြောသည်။

ကျိချင်းယွမ် : . . .

နဥ်ရှုက ပြတင်းပေါက်ကို ပိတ်လိုက်သည်။ မိုးတောင်မလင်းသေးတော့ သူမပြန်အိပ်ရမှာပေါ့။ ကုတင်ဆီပြန်လျှောက်လာရင်းဖြင့် လင်ချမ့်ချမ့်နဖူးကို သူမစမ်းကြည့်လိုက်သောအခါ မတရားပူနေသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now