(၄၉)

5.3K 761 3
                                    

Unicode Ver

၄၉။ သူများဒုက္ခရောက်နေရင် ပျော်တာမလို့

ဆုမန်ယွိနှင့် လင်းချမ့်ချမ့်က ရန်ဖြစ်ခဲ့ကြသည်။ ကျိချင်းယွမ်ရောက်လာသည့်အခါ ဆုမန်ယွိမျက်နှာပျက်ယွင်းနေသည်ကိုမြင်တော့ သူချစ်သူအား ဆုမန်ယွိနှင့် ကျွမ်းယုထုံတို့က နှိပ်ဆက်ပြန်ပြီဟု ထင်သွားသည်။

ကျိချင်းယွမ်က လင်းချမ့်ချမ့်ကို ခေါ်ထုတ်သွားချင်သည်။ ဒါပင်မယ့်လည်း လင်းချမ့်ချမ့်က ဘာဖြစ်လို့ ဒီအခန်းမှာပဲ ပေတေကာနေချင်ရသလဲကို သူနားမလည်ပေ။

ကျိချင်းယွမ်က အတင်းတိုက်တွန်းသောအခါ လင်းချမ့်ချမ့်ကပြောသည်။
"သွားရမယ်ဆိုရင် ပယောဂဆရာရှိတဲ့ န့်အိမ်ကိုပဲ သွားနိုင်မယ်"

တုံ့ဆိုင်းနေမှုက ကျိချင်းယွမ်မျက်နှာတွင် ပေါ်လာသည်။ လင်းချမ့်ချမ့်ကလည်း ဒါကိုမြင်သောအခါ သူမစိတ်မှာ ပိုညစ်ညမ်းလာပြီး လှောင်ပြောသည်။
"နင်ဒီလိုဖြစ်သွားမယ်လို့ ငါသိသားပဲ"

"ကျိချင်းယွမ် နင်လင်းချမ့်ချမ့်ကို မချစ်ဘူးလား? သူ့ကိုအိမ်ခေါ်သွားတာက ဘာဖြစ်မှာမလို့လဲ?"
ဆုမန်ယွိကလည်း မီးလောင်ရာကိုဝင်၍ ဆီလောင်းချသည်။

ဆုမန်ယွိပြောသည်ကိုကြားသောအခါလင်းချမ့်ချမ့်မျက်နှာက ပိုပျက်ယွင်းသွားသည်။ လတ်တလောဖြစ်ခဲ့သည်များကြောင့် သူမစိတ်မှာ ညှိုးနွမ်းနေပြီး သူမခန္ဓာကိုယ်မှာလည်း ပိန်ကျသွားကာ အရိုးပေါ်အရေတင်ပဲ ရှိတော့သည်။ သူမသည် အရင်တုန်းကလို တက်ကြွကာ ချိုမြိန်သည့်သူတစ်ယောက် မဟုတ်တော့ချေ။

"ဆုမန်ယွိ နင်ထေ့မပြောရရင် သေမှာလား!"
ကျိချင်းယွမ်က ဆုမန်ယွိက အော်သည်။

"လာ ထမင်းသွားစားရအောင်"
နဥ်ရှုက ဆုမန်ယွိကို ပြောသည်။

ဆုမန်ယွိက စိတ်ပျက်စွာဖြင့် နှုတ်ခမ်းကိုတွန့်ပြလိုက်ပြီးမှ နဥ်ရှုနှင့်အတူ ထွက်သွားသည်။

"ကျိချင်းယွမ်ကို နင်ကြိုက်တုန်းလား? ဘာဖြစ်လို့ သူများသမီးရည်းစားအတွဲကို ဝင်နှောင့်နေတာလဲ? သူတို့တွေနဲ့ သွားပတ်သတ်မနေနဲ့တော့"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now