(၃၇)

5.3K 735 10
                                    

Unicode Ver

၃၇။ ပူးခံရပြန်ပြီ ×2

ကျိချင်းယွမ်က လင်းချမ့်ချမ့်ကို အိပ်ရာပေါ်မှာနေရာသေချာချကြီးသည်နှင့် ဆုမန်ယွိကို သေခြာကြည့်ရှုစောင့်ရှောက်ပေးဖို့ တောင်းဆိုသည်။ ဆုမန်ယွိက အင်တင်တင်နဲ့ ခေါင်းငြိမ့်လိုက်သည်။

လင်းချမ့်ချမ့်က အရမ်းပင်ပန်းနေသည့်ပုံပေါ်ပြီး အိပ်ရာပေါ်ခေါင်းချသည်နှင့် မကြာခင်မှာပဲ အိပ်ပျော်သွားသည်။ နဥ်ရှုနှင့် ဆုမန်ယွိက တစ်ယောက်ကိုတစ်ယောက်မေးငေါ့ပြရင်း ကြည့်ကြကာ ကိုယ်လုပ်စရာရှိတာတွေပဲ လုပ်ကြတော့သည်။

ဒါပင်မယ့်လည်း လင်ချမ့်ချမ့်က အိပ်နေရင်းကနေ ဆတ်ကနဲထလိုက်ကာ ဆုမန်ယွိနှင့် နဥ်ရှုတို့ဘက်ကို လှည်ပင်းတောင့်တောင့်ကြီးဖြင့် လှည့်ကြည့်လာသည်။

"ဘာလိုချင်လို့လဲ?"
ဆုမန်ယွိက တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ မေးသည်။ လင်းချမ့်ချမ့်က ဘာမှမပြောဘဲနှင့် စောင်ကိုဖယ်ကာ အိပ်ရာပေါ်ကဆင်းပြီး ကျောက်ပတ်တီးဟာ မနားသည့်အလား တံခါးဆီသို့ထလျှောက်လာသည်။

နဥ်ရှုကတော့ ဒါကိုမြင်သည့်အခါ လင်းချမ့်ချမ့် ပူးခံလိုက်ရပြီမှန်းသိသွားပြီး ဝိညာဉ်ပုလဲကို အမြန်သွားယူလိုက်သည်။ ထို့နောက် ဝိညာဥ်ပုလဲဖြင့် လင်းချမ့်ချမ့်ကိုယ်နောက်ကို ကပ်ပစ်လိုက်သည်။ ဒါပင်မယ့် ဒီတစ်ကြိမ်မှာတော့ သရဲမက ထွက်မသွားဘဲ နဥ်ရှုကိုလှည့်ဖမ်းလိုက်လာကာ အသံအက်အက်ကြီးဖြင့်
"ငါ့လမ်းကို လာရှုပ်ရဲတယ် ဟုတ်လား? ငါနင့်ကိုသတ်ပစ်မယ်။ နင်ကများ ငါ့ကိုဒီလိုလုပ်ရဲတယ်ပေါ့!"

နဥ်ရှုက နောက်ကိုဆုတ်ကာ လင်ချမ့်ချမ့်လက်ကို ရှောင်လိုက်ပြီး ကြမ်းပြင်ပေါ်မှောက်သွားအောင် ပိတ်ကန်ပစ်လိုက်သည်။ ခြေထောက်ဖြင့် အပေါ်ကဖိထားရင်းဖြင့် ဆုမန်ယွိကို လှမ်းအော်ကာ
"ငါ့ကိုဒီလိုမျိုးထိန်းပေးထား!!!"

လင်းချမ့်ချမ့်က သန်လွန်းနေတော့ နဥ်ရှုတစ်ယောက်တည်း ထိန်းမထားနိုင်တော့ဘူး။ ဆုမန်ယွိက သူမလက်ဖဝါးမှ ချွေးအေးများကို အင်္ကျီဖြင့်သုတ်ပြီး နဥ်ရှုဆီကို အပြေးအလွှားလာကူလေသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now