(၂)

8.9K 1K 30
                                    

Unicode Ver

၂။ တစ္ဆေရေ. . .တစ္ဆေ. . . 

ပြတင်းပေါက်တံခါးက ဝုန်းခနဲပွင့်သွားပြီး ခန်းစီးက လေထဲမှာ တလွှင့်လွှင့်ဖြစ်သွားသည်။ နဉ်ရှုက သူ့လက်ထဲမှာ ဘောပင်လိုမျိုးဟာကို ကိုင်ထားတာကို ပြန်သတိထားမိလိုက်ပြီး အားတစ်စုံတစ်ရာက သူမကို စက်ဝိုင်းတွေ ရေးဆွဲစေသည်။ သူမတစ်ချက်ကြည့်မိလိုက်တော့ စားပွဲခုံပေါ်မှာ စာရွက်ဖြူတစ်ရွက်ရှိနေသည်။ စာရွက်ပေါ်မှာ Yesနဲ့ Noရေးထားသည်။ ဘောပင်က စားပွဲပေါ်မှာ စက်ဝိုင်းဆွဲနေသည်။

Fxxk! ဒီဟာမတွေက ေ×ာက်ဇယားလာရှုပ်နေတာပဲ!

နဉ်ရှုက သူမလက်ကို ပြန်ရုပ်လိုက်ပင်မယ့် သူမလက်က ရုပ်မရတော့ဘဲ စက်ဝိုင်းတွေ သူ့အလိုလို မြန်နိုင်သမျှ မြန်မြန်ဆွဲနေသည်။ နဉ်ရှုအရှေ့က ကောင်မလေးက ကြောက်လန့်နေပင်မယ့် စိတ်လှုပ်ရှားစွာ
"အင်းတစ္ဆေရှိတယ်ဟ! တကယ့်တစ္ဆေဆရာက်လာပြီ!"

နဉ်ရှု : !!!

ပြတင်းပေါက်က လေအားပြင်းပြင်းကြောင့် တဗုန်းဗုန်းလှုပ်နေသည်။ ပြီးတော့ နဉ်ရှုအနားက လေထုဟာအေးစက်လာပြီး သူမကြက်သီးတွေ တဖြန်းဖြန်းထလာသည်။ သူမအသက်ရှုသံက စပြောင်းလာသည်။ ရေခဲရေထဲကို သူမတွန်းချခံလိုက်ရသလို ခံစားရပြီး ဒီအေးစက်တဲ့ စိုထိုင်းမှုကြီးကို မကျော်လွှားနိုင်ဘူး။

ကြောက်စရာတစ်ခုခုမြင်ရမှာစိုးလို့ သူမဘေးနားပတ်လည်ကိုတောင် မကြည့်ရဲဘူး။ တစ်စုံတစ်ရာက အခန်းထဲကို ဝင်လာမှန်း သူမခံစားမိနေသည်။ ဒါပင်မယ့် အဲ့ဒါက အင်းတစ္ဆေဟုတ်မဟုတ်တော့ မသိဘူး။

သူမတံတွေးကို ဂလုခနဲ မြိုချလိုက်သည်။ သူမသွေးတွေက သွေးကြောတွေထဲမှာတောင် ခဲတော့မတက်ပဲ။ ဒါ2333က ငါ့ကိုပြောတဲ့ တာဝန်ရိုးရိုးလေးဆိုတာလား? ပြီးတော့ ငါ့ကိုအေးဆေးနားလို့တောင် ပြောသွားသေးတယ်! မရေမရာနဲ့! ဒီလိုသေအောင်ကြောက်နေရတဲ့ဟာကို တာဝန်ရိုးရိုးလေးတဲ့လား?

အဲ့ဒီအရာက သူမဘေးနားမှာ ရပ်သွားပြီး သူမအပေါ်ကို တစ်ခုခုက တပေါက်ပေါက်ကျနေတာကို ခံစားမိလိုက်သည်။ သူမအရမ်းကြောက်လွန်းလို့ မျက်လုံးတောင် လှန်ကြည့်မိမတက်ပဲ။ ဒါပင်မယ့် နည်းနည်းကြာတော့ ဒီခံစားချက်က လျှော့သွားသည်။ အဲ့ဒီဟာက အချိန်နည်းနည်းကြာတော့ သူမဘေးကနေ ထွက်သွားပြီထင်တယ်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now