(၁၀)

6.4K 933 21
                                    

Unicode Ver

၁၀။ လှေကားပေါ်က တွန်းချခံရခြင်း 

နဉ်ရှုက အခန်းထဲကလူတွေနဲ့ အတူလမ်းလျှောက်သည်။ သူတို့ရှေ့က ဦးဆောင်သွားနေတဲ့ လင်ချမ့်ချမ့်က သူမကို တစ်စုံတစ်ယောက်က တွန်းချလိုက်သလိုမျိုး တိုက်မိသွားပြီး အလန့်တကြားအော်ဟစ်ရင်း လှေကားပေါ်က ပြုတ်ကျသွားသည်။ သူမခေါင်းက နံရံဖြင့် တိုက်မိကာ သွေးတွေထွက်လာသည်။

အဖြစ်အပျက်က အရမ်းမြန်လွန်းတော့ နဉ်ရှုလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားသည်။ ဆုမန်ယွီနဲ့ ကျန်းယွိယန်းတို့ကလည်း အံ့သြတကြီးကြောင်ကြည့်နေကြသည်။

သူတို့အထဲကတစ်ယောက်ကို အရှေ့အထိ လိုက်ပို့ပေးတဲ့ ကျိချင်းယွမ်က ချက်ချင်းပြန်လှည့်ပြေးလာကာ လင်ချမ့်ချမ့်ကို မေးသည်။
"ချမ့်ချမ့် အဆင်ပြေရဲ့လား?"

"ခေါင်းနာတယ်။ ခြေထောက်တွေရောပဲ"
လင်ချမ့်ချမ့်က ပြန်ထဖို့ကြိုးစားနေပြီး နာကျင်မှုကြောင့် သူမမျက်လုံးထဲမှာ မျက်ရည်တွေ စို့တက်လာသည်။

"ဆုမန်ယွီ နင်ငါ့ကို ဘာဖြစ်လို့ တွန်းချရတာလဲ?"
လင်ချမ့်ချမ့်ကို နာကျင်မှုကို သည်းခံကာ မေးသည်။

ဆုမန်ယွီက ကြောက်လန့်နေတုန်းမှာ သူမကို ဒီလိုပြောခံလိုက်ရတော့ အခိုင်အမာပြန်ပြောသည်။
"ငါနင့်ကို တွန်းမချဘူး! နင့်ဟာနင်ပြုတ်ကျတာလေ"

ကျိချင်းယွမ်က ဆုမန်ယွီကို မျက်နှာထားတင်းစွာ ကြည့်လိုက်သည်။ သူ့ချောမောတဲ့ မျက်နှာက အခုတော့ အေးစက်နေသည်။
"နင် ချမ့်ချမ့်ကို တွန်းချတယ်လား?"

"မဟုတ်ဘူး။ ငါတကယ်မလုပ်ဘူး!"
ကျိချင်းယွမ်က သူမကို ဒီလိုမေးလိုက်တဲ့အခါ ဆုမန်ယွီက အရမ်းကို မတရားခံရသလိုမျိုး ခံစားရသည်။
"ငါသူ့ကို တွန်းမချဘူး။ ငါက ဘာဖြစ်လို့ သူ့ကိုတွန်းချရမှာလဲ? ငါတကယ်ကို ဘာဆိုဘာမှကို မလုပ်ခဲ့တာ"

ကျိချင်းယွမ်က မျက်မှောင်ကြုံသွားပြီး လင်ချမ့်ချမ့်ကို ပွေ့ချီလိုက်သည်။ သူမနှဖူးဒဏ်ရာက သွေးတွေက သူမပါးပေါ်အထိတောင် စီးကျနေပြီ။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now