(၅၀)

5.3K 766 1
                                    

Unicode Ver

၅၀။ လင်းချမ့်ချမ့် ပူးခံရလေခြင်း

သူ့ချစ်သူကောင်မလေးကို ထပ်မခံစားစေချင်သော ကျိချင်းယွမ်သည် အိမ်သို့ပြန်ကာ အပနှင်ပေးရန် ပယောဂဆရာအား အပူကပ်တော့သည်။ နောက်ဆုံးတွင်တော့ အပနှင်ရန် သဘောတူလိုက်သည်။

ကျိချင်းယွမ်က မာနကြီးနေသည့် ပယောဂဆရာအိုကြီးကို မကျေနပ်ဘူး။
သရဲကိုနှင်မယ်ဆိရင်လည်း မြန်မြန်ဆန်ဆန်နှင်လိုက်ပေါ့။ ဘာတွေမာနကြီးနေတာလဲ? ငါ့တို့ကျိအိမ်က သူ့ကိုဂုဏ်သရေရှိဧည့်သည်တစ်ယောက်လိုဆက်ဆံပြီး သင့်တင့်လျှောက်ပတ်တဲ့ အသုံးအဆောင်တွေနဲ့ နေခိုင်းထားတာကိုတောင်မှ ငါတို့ကိုအထင်သေးသလိုပုံစံနဲ့ ဆက်ဆံနေသေးတယ်!
ဒါပင်မယ့်လည်း ပယောဂဆရာ၏ အကူအညီကို သူတို့လိုအပ်တာကြောင့် သူ့မကျေနပ်ချက်များကို အောင့်အီးထားလိုက်သည်။

အခန်းက ရက်အနည်းငယ်လောက် ငြိမ်းချမ်းနေသည်။ သရဲမက လင်းချမ့်ချမ့်ကို လာမခြောက်သောအခါ သူမမှာ ရက်အနည်းငယ်လောက် ကောင်းကောင်းအိပ်ရသွားပြီး အဆင်ပြေလာသည့်ပုံတောင် ပေါ်လာလေပြီ။

နဥ်ရှုကတော့ မုန်တိုင်းမဝင်ခင် လေငြိမ်နေသည်ဟု ခံစားရသောကြောင့် မလွယ်ကူတော့ဘူးဟု တွေးမိကာ ဝိညာဥ်ပုလဲကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတော့သည်။

အခန်း၏ အပြင်ဘက်သည် ပိန်းပိန်းမှောင်နေကာ ပတ်ဝန်းကျင်တွင် လေတစ်ချက်မတိုက်ဘဲ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။

နဥ်ရှု၏ စိတ်ထဲတွင် မသန့်ဖြစ်လာကာ ဆုမန်ယွိကို တွန်းလှုပ်လိုက်သည်။
"ထဦး"

"ဟမ် ဘာဖြစ်လို့လဲ?"
ဆုမန်ယွိက အိပ်ချင်မူးတူးဖြင့်
"နောက်ကျနေပြီ ပြန်အိပ်ရအောင်"

နဥ်ရှုက အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ငါ့စိတ်ထဲမှာ မသန့်ဘူး။ ထပ်မအိပ်နဲ့တော့"

"အင်း . . ."
ဆုမန်ယွိက သမ်းဝေရင်း ပြောသည်။

နဥ်ရှုက လက်ကိုဆန့်ကြည့်ပင်မယ့် ကိုယ့်လက်ကိုမမြင်ရသည့်အထိ ပတ်ဝန်းကျင်က ပိုမှောင်ပိန်းလာသည်။ သူမက ပြတင်းပေါက်ဘက်ကို မှန်းကြည့်သောအခါ အပြင်ဘက်တွင်လည်း အလင်းရောင်မရှိပေ။ သူမက ဝိညာဥ်ပုလဲကို ထုတ်ကာ သေချာကိုင်ထားလိုက်သည်။ သူမက အမှောင်ထဲတွင် အသက်ရှုရကျပ်လာသည်။ ဆုမန်ယွိက
"ယုထုံ . . . ငါအသက်ရှုမရဘူး"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now