(၉)

6.7K 967 7
                                    

Unicode Ver

၉။ အချစ်ဇာတ်လမ်းလေး 

လူထက် အဝတ်အစားကိုကြည့်ပြီး ဆုံးဖြတ်တက်တဲ့ အသိုင်းအဝိုင်းကလုပ်တဲ့ ပါတီပွဲက ဒီညရှိတာကြောင့် နဉ်ရှုက မူလကိုယ်ရဲ့ အရည်အသွေးနည်းနည်းရှိပြီး လိုက်ဖက်လောက်မယ့် အဝတ်အစားတွေ ဆွဲထုတ်ကြည့်ပင်မယ့် fashionကျတာကို မရှိဘူး။

ကျန်းယွိယန်းပြောတဲ့နေရာကို နဉ်ရှုက ရှာတွေ့သည်။ ဒါက အဆင့်မြင့် KTVအခန်းပဲ။ မူလကိုယ်သာဆိုရင် ပိုက်ဆံမတက်နိုင်လို့ ဒီလိုနေရာမျိုးကို လာမှာမဟုတ်ဘူး။

အစောင့်က သူမကို သီးသန့်ခန်းထဲကို ခေါ်သွားပေးသည်။ အခန်းမီးရောင်ကို မှိန်ထားပြီး မျက်နှာကျက်ပေါ်က ဒစ်စကိုရောင်စုံမီးလုံးကြောင့် လူတိုင်းရဲ့မျက်နှာတွေက ပုံမှန်မဟုတ်ဘဲ အူကြောင်ကြောင်နိုင်လွန်းသည်။

နဉ်ရှုဝင်လာတာကို ဘယ်သူကမှ မတားဆီးကျပါဘူး။ အခန်းတွေမှာ ယောကျၤား၊မိန်းမတွေ အများကြီးရှိနေပြီးတော့ စားပွဲပေါ်မှာ ဝိုင်နဲ့သစ်သီးတွေ ရှိသည်။ လက်ရှိမှာ လင်ချမ်ချမ့်က ယောကျၤားတစ်ယောက်နဲ့ ကြည်ကြည်နူးနူး အကြည့်ချင်းဆုံကာ သီချင်းအတူဆိုနေသည်။

နဉ်ရှုက သူမအခန်းဖော်တွေ ထိုင်နေတဲ့ဝိုင်းကို သွားလိုက်ပြီး ဆုမန်ယွီဘေးမှာ ထိုင်လိုက်သည်။ ဆုမန်ယွီက လက်ရှိသီချင်းဆိုနေကြတဲ့ လင်ချမ်ချမ့်နဲ့ ကျိချင်းယွမ်ကို တွေဝေစွာ စိုက်ကြည့်နေသည်။ သူ့အကြည့်အများစုကတော့ ကျိချင်းယွမ်ပေါ်မှာပဲ ရှိသည်။

နဉ်ရှုက သူမဘေးမှာ လာထိုင်တာမြင်တော့ သူမက ဘေးကိုရွှေ့လိုက်သည်။ နဉ်ရှုဘေးမှာ သူမမထိုင်ချင်တာက အရှင်းကြီးပါပဲ။

နဉ်ရှုနှုတ်ခမ်းတွေက တွန့်ကွေးသွားသည်။ နင်အဲ့ဒီလောက်အထိ လုပ်ပြနေစရာ မလိုဘူးမလား? ငါက ဗိုင်းရပ်ကျနေတာပဲ။

ကျန်းယွိယန်းက ဆုမန်ယွီရဲ့ ဘယ်ဘက်မှာ ထိုင်နေသည်။ ယောကျၤားလေးအများစုက ရိုကျိုးစွာပဲ သူမကို စကားပြောဖို့ ကြိုးစားနေကြသည်။ ဒါပင်မယ့်လည်း ကျန်းယွိယန်းက သူတို့ကိုအာရုံမစိုက်ဘဲ မာနခေါင်ခိုက်နေတဲ့ပုံစံကို ဆက်ထိန်းထားသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now