(၂၂)

5.8K 856 2
                                    

Unicode Ver

၂၂။ ပူးခံရပြန်ပြီ!!!

နဥ်ရှုက ခရီးဆောင်အိတ်ကြီးကိုသယ်ကာ လှေကားကို အမြန်တက်သွားသည်။ သူမအခန်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ ကောင်မလေးနှစ်ယောက်ရဲ့ ရန်ပွဲက အရှိန်မြင့်နေလေပြီ။ သူတို့နှစ်ယောက်က တစ်ယောက်ဆံပင်တစ်ယောက် စောင့်ဆွဲနေကာ သူတို့လက်သည်းအရှည်ကြီးတွေနဲ့ မှီရာကို လှမ်းကုတ်ဆွဲနေကြသည်။ နဥ်ရှုက သူမအိတ်ကိုအမြန်ချလိုက်ရကာ အဲ့ဒီနှစ်ယောက်ကို ၀င်ခွဲရတော့သည်။

"နင်တို့ဘာဖြစ်နေကြတာလဲ?"
နဥ်ရှုက နှစ်ယောက်လုံးကို ကြည့်လိုက်သည်။ လင်ချမ်ချမ့်ဆို ခေါင်းမှာ ပတ်တီးကြီးရှိနေတုန်းပဲ။
ဘယ်လိုတွေတောင် ရန်ဖြစ်နေကြတာတုန်း?

ဆုမန်ယွိက ရှုပ်ပွနေသည့် သူမဆံပင်ကို ပြန်သပ်သပ်ရပ်ရပ်ပြင်ကာ လင်ချမ်ချမ့်ကို စိုက်ကြည့်သည်။ လင်ချမ်ချမ့်မှာ ချိုင်းထောက်ပေါ်မှာ သေချာပြန်မှီရပ်လိုက်ပြီး အမောတကော အသက်ရှုနေရသည်။ လင်ချမ်ချမ့်က ဒေါသလည်းထွက် ရှက်လည်းရှက်နေပုံရသည်။

ဘယ်သူကမှ စကားစမပြောတော့ အခြေအနေက အတော်နေရခက်သည်။

ဆုမန်ယွိက ဖြူဖျော့နေပြီး မျက်တွင်းတွေ အတော်ချောင်ကျနေတာကို နဥ်ရှုက သတိထားမိလိုက်သည်။ သူမရဲ့ ဖြူဖျော့နေတဲ့ပုံနဲ့ မျက်လုံးအောက်က ခရမ်းရောင်ရင့်ရင့်မျက်တွင်းတွေကို မိတ်ကပ်ကတောင်မှ ဖုံးပေးနိုင်ဘူး။

လင်ချမ်ချမ့်ကတော့ အပြစ်ကင်းတဲ့ပုံလေးနဲ့ မခံမရပ်နိုင်အောင် ဒေါသထွက်နေလေရဲ့။

"ဘာတွေဖြစ်နေတာလဲ? အဆောင်ရှေ့က မြေဖြူရာတေွကရော ဘာတွေလဲ?"
နဥ်ရှုက ကျန်းယွိယန်းကို ဘယ်နေရာမှာမှ မတွေ့မိဘူး။

ဆုမန်ယွိက လင်ချမ်ချမ့်ကို စိုက်ကြည့်ကာ ပြောသည်။
"ကျန်းယွိယန်းရယ် ပြတင်းပေါက်ပေါ်က သေကြောင်းကြံဖို့ ခုန်ချသွားပြီ"

နဥ်ရှုထင်သလိုပဲ ဖြစ်သည်။ နဥ်ရှုမှာ သနားမိရုံအပြင် ဘာမှမတက်နိုင်ချေ။ ဒါပင်မယ့် လန့်ချင်ယောင်ဆောင်ကာ
"ဘာဖြစ်လို့လဲ?"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now