(၄)

7.4K 977 29
                                    

Unicode Ver

၄။ ဒီတာဝန်က အေးဆေးပဲမလား? 

သူတို့သုံးယောက်က သူမကို ငကြောက်မလို့ခေါ်ကာ သူတို့သူငယ်ချင်းထဲကလို့ သူမကိုမသတ်မှတ်တာကြောင့် မကစားလည်းရတယ်လို့ ပြောကြသည်။ သူမက အစတည်းက အပယ်ခံရတဲ့ ခံစားချက်ကြီးက ဆိုးဝါးလွန်းတာကြောင့် ရွေးချယ်စရာ မရှိတော့ပဲ ဝင်ကစားခဲ့ရသည်။ သူတို့က သူမကိုတွေ့တိုင်း ပြောလက်စ စကားတွေကိုရပ်ကာ သူတို့ပစ္စည်းတွေကို သူမခိုးသွားမှာကြောက်တာကြောင့့်  သိမ်းကြတယ်။ ကျွမ်းယုထုံက သူတို့အဖွဲ့လေးထဲကို ပါချင်သည်။ သူမက သူတို့တွေလိုမဟုတ်ပင်မယ့်လည်း အပယ်မခံချင်ဘူး။

အဲ့ဒီညပြီးတဲ့နောက်မှာ အင်းတစ္ဆေနဲ့ ပတ်သက်တဲ့ မတော်တဆမှုတွေက စတင်လာခဲ့သည်။ ညဘက်တွေဆို ပြတင်းပေါက်နားမှာ အရိပ်တစ်ခုရှိနေတက်သည်။ ထူးဆန်းတဲ့အသံတွေ ထွက်လာတက်ပြီး သွေးလိုအရည်တွေက ပိုက်ခေါင်းတွေကနေ ကျလာတက်သည်။

ဒါပင်မယ့်လည်း အဲ့ဒါတွေကို ကြုံရတာ သူတို့အခန်းကသူတွေပဲ ဖြစ်သည်။ အဲ့ဒီလိုအချိန်တွေမှာ သူတို့တွေက ကံဆိုးမိုးမှောင်ကျခဲ့ကြပြီး မတော်တဆတွေ ခနခနဖြစ်ခဲ့သည်။ နောက်ဆုံးမှာတော့ တစ်ရက်မှာ နာမည်ကျော်ဖြစ်ချင်ခဲ့တဲ့  ကျန်းယွိယန်းက အခန်းပြတင်းပေါက်ကနေ ခုန်ချကာ တခန်းလုံးကို ပိုကြောက်စေခဲ့သည်။

ဆုမန်ယွီဆိုတဲ့ ကောင်မလေးကလည်း ကျန်းယွိယန်းသေရတာ သူတို့အင်းဗေဒင်ဆော့ခဲ့ကာ မကောင်းတဲ့တစ္ဆေကို သွားခေါ်ခဲ့မိလို့ဟုဆိုကာ လင်ကျင်းကျင်းကို အပြစ်တွေပုံချခဲ့သည်။

ဒီလိုတွေ ဖြစ်ပြီးတဲ့အခါမှာ လင်ချမ်ချမ့်က စိတ်မကောင်းဖြစ်ကာ သူ့ချစ်သူ ကျိချင်းယွမ်ကို ရင်ဖွင့်ပြောပြတယ်။ ကျီချင်းယွမ်က ချမ်းသာတဲ့မိသားစုက ဖြစ်တာကြောင့် အပနှင်တဲ့ဖာသာကိုပင့်ကာ သရဲကိုဖမ်းစေခဲ့သည်။

ဒါပင်မယ့်လည်း ဆုမန်ယွီက အပနှင်တဲ့သူမရောက်ခင် မတော်တဆဖြစ်ခဲ့ရသည်။ သူမခေါင်းပေါ် ပန်းအိုးကြီး ပြုတ်ကျလာကာ ကိုမာဝင်သွားခဲ့ရသည်။

မူလကိုယ်ဖြစ်တဲ့ ကျွမ်းယုထုံကတော့ အရမ်းကြောက်ခဲ့သည်။ တစ္ဆေလို့ ထင်ရတဲ့ ဒီအရာအားလုံးရဲ့ နောက်ကွယ်က အရာကို ခံစားနေရသည်။ သူမက အိမ်ကိုပြန်ကာ နတ်ဆရာနဲ့ သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့သည်။ ဒါပင်မယ့် သူမအဲ့ဒီလိုမလုပ်နိုင်ခင်မှာပဲ တက္ကသိုလ်ထဲက အလှလုပ်ထားတဲ့ ရေကန်ထဲကို ပြုတ်ကျပြီး ရေနစ်ပြီးဆုံးသွားခဲ့ရသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now