(၄၂)

5.4K 794 14
                                    

Unicode Ver

၄၂။ စိတ်ပျက်စရာက နေ့စဥ်ပါ

"OMG! ငါ့မျက်လုံးကန်းသွားပြီလားမသိ။  မျက်လုံးဆေးဦးမှပါ"
ဆုမန်ယွိက သူမအိတ်ထဲမှ မျက်စဥ်းထုတ်ကာ ခေါင်းလေးတမော့မော့ဖြင့် မျက်စဥ်းခတ်သည်။ ပြီးတောက် အရည်လဲ့နေသည့်မျက်လုံးဖြင့် နဥ်ရှုကိုကြည့်ကာ လက်မထောင်ပြသည်။
"ကျွမ်းယုထုံ နင့်အကြိုက်ကတော့ အံ့သြစရာကြီး! ဒီလိုအကောင်မျိုးကိုကြိုက်မယ်လို့ ဘယ်သူကထင်မှာလဲ?"

နဥ်ရှုက စိတ်ပျက်စွာ နှုတ်ခမ်းကို တွန့်လိုက်ပြီး
"ငါ့က အပယ်ခံတောသူမပုံပေါက်နေလို့ ဒီကောင်က စားချင်နေရုံတင်ပါ"

ဆုမန်ယွိမျက်နှာတွင် အထင်သေးခြင်းမှာ တန်းရောက်လာသည်။
"သူ့ကိုယ်သူ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲပဲ အရင်ကြည့်လိုက်ပါဦး။ ကျွမ်းယုထုံ ဒီလိုကောင်မျိုးဆီမှာ ပါမသွားနဲ့နော်။ အမယ်လေး ငါနောက်ပိုင်းမှာ နင့်ကိုမြင်လိုက်တိုင်း နင်နဲ့အဲ့ကောင် အတူတူပလူးနေတာပဲ မြင်တော့မယ်။ tsk tsk အခုကတည်းက ငါရွံနေပြီ"

နဥ်ရှု : . . .

ဒါပင်မယ့်လည်း စုန့်မင်ခေါင်းကို ဘာထိသွားမှန်းမသိသည့် သူမမှာ နေ့တိုင်း အဆောင်အခန်းကို အမြဲပန်းပို့ခံရပြီး ကြွေနေသည့်အကြည့်များဖြင့် ကြည့်ခံရတော့သည်။ နဥ်ရှုဘေးက ဆုမန်ယွိကတော့ လုံးဝကိုရွံရှာနေလေပြီ။

ဆုမန်ယွိကတော့ စုန့်မင်ကိုတွေ့လေတိုင်း စကားလုံးများဖြင့် တိုက်ခိုက်တော့သည်။ ဥပမာ ; ဒါမနေ့က နှင်းဆီပန်းကြီးမလား? တစ်ဝက်စျေးနဲ့ရတာ ကောင်းတယ်မလား? ပြီးနောက် သူမဟာ စုန့်မင်ခြေအိတ်တွေက ၁၀ခုမှ 10 bucksရှိတာကြောင့် မလျှော်ဘဲလွှင့်ပစ်နေသည် ဟုဆိုကာ နှာခေါင်းရှုံ့သည်။ ပြီးတော့လည်း စုန့်မင်မျက်နှာက ဝက်ခြံတွေမှာ ပြူထွက်နေသောကြောင့် ညှစ်ချိန်တန်ကြောင်း ပြောပြန်သည်။ ဒါပြီးရင် စုန့်မင်မှာ ကျောက်ကပ်မကောင်းတော့သည်ကြောင့် ကတုံးဖြစ်တော့မည်ဟု ပြောလေသည်။

စုန့်မင်မှာလည်း နေ့တိုင်းအသက်လုပြေးနေရသော်လည်း နောက်နေ့တွင် သူလာဆဲပင်။ စပ်စုတက်သူတချို့ကတော့ သူကသူမကို တကယ်ချစ်နေသည်ဖြစ်သောကြောင့် လက်ခံသင့်သည်ဟု လာပြောကြသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now