(၃၅)

5.4K 774 7
                                    

Unicode Ver

၃၅။ သရဲမပြန်ပေါ်လာလေပြီ

နဥ်ရှုနဲ့ ဆုမန်ယွိက ရက်အတော်ကြာကြာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုက်ရသည်။ ဒါပင်မယ့် တစ်ညမှာတော့ အခန်းထဲမှာ အပူချိန်ရုတ်ချင်းကျဆင်းသွားပြီး သရဲမပြန်ပေါ်လာသည်။

ဆုမန်ယွိက နဥ်ရှုလက်မောင်းကို တွယ်ဖက်ကာ တုန်ရီနေသည့် အသံလေးဖြင့် မေးသည်။
"ယုထုံ သူပြန်လာပြီ။ ကျိချင်းယွမ်နဲ့ လင်းချမ့်ချမ့်တို့ ဘယ်လိုဖြစ်သွားပြီလဲမသိ?"

နဥ်ရှုက ဘာမှမပြောဘဲ နွားမျက်ရည်ကို မျက်ခွံမှာသုတ်လိုက်သည်။ သူမပြန်ကြည့်လိုက်တော့ သရဲမက လင်းချမ့်ချမ့်ကုတင်ပေါ်မှာ ထိုင်နေသည်။ သူမအနားမှာ အနက်ရောင်မြူခိုးတွေရှိနေပြီး သူမကအားနည်းသွားပုံရသည်။ သူမမျက်နှာတွင် ဓားဒဏ်ရာများပြည့်နေပြီး သူမမျက်လုံးမှာ အငြိုးတရားဖြင့် ပြည််နှက်နေသည်။

နဥ်ရှုက သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမကလှမ်းခြောက်သည်။ ဒါပင်မယ့်လည်း နဥ်ရှုကိုကြောက်သောကြောင့် သူမတို့ အနားကိုမလာရဲဘူး။

နဥ်ရှုက ဝိညာဥ်ပုလဲကိုထုတ်ကာ သရဲမကို ပစ်လိုက်သည်။ သရဲမက ချက်ချင်းရှောင်ပင်မယ့်လည်း ဝိညာဥ်ပုလဲက သူမဝိညာဥ်တစ်စိတ်တစ်ပိုင်းကို စုပ်ယူလိုက်ပြီး သူမအနားက အနက်ရောင်မြူခိုးတွေမှာ ပိုသိပ်သည်းလာသည်။ သူမဝိညာဥ်မှာလဲ ပိုအားနည်းသွားတော့သည်။

သရဲမက ပြတင်းပေါက်အပြင်ဘက်တွင် တွဲလောင်းချနေကာ နဥ်ရှုကိုကြည့်ပြီး အော်တော့သည်။ အခန်းတစ်ခုလုံး တုန်လှုပ်လာကာ အိပ်ရာတွေ ပြုတ်ကျလာတော့သည်။ နဥ်ရှုက ဆုမန်ယွိကို ခေါ်ကာ ကုတင်ပေါ်က ခုန်ချလိုက်ပြီး ဝိညာဥ်ပုလဲကို အမြန်ပြေးကောက်လိုက်သည်။

ငလျှင်လှုပ်နေသလိုမျိုး အခန်းတစ်ခန်းလုံး တသိမ့်သိမ့်တုန်နေသည်။ နဥ်ရှုကိုယ်ထဲက ဒန်တန်က သူမကိုတည်ငြိမ်စေတာကြောင့် ရပ်နေနိုင်သည်။

ဒါပင်မယ့်လည်း ဆုမန်ယွိကတော့ ကြမ်းပြင်ပေါ်မှာ နဥ်ရှုအဝတ်စကို ဆွဲထားရင်း လဲကျနေလေပြီ။
"သရဲမက ဘာဖြစ်လို့ ဗြုန်းစားကြီး စိတ်တိုသွားရတာတုန်း???"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now