(၅၂)

5.4K 817 18
                                    

တကယ်တော့ ကိုယ်စာရေးတာက အမှားတွေများနေတော့ ဘောင်မဝင်ဘဲ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုပြီး depressionဝင်နေတာ ㅠ~ㅠ
အရေးအသားကောင်းတယ်လို့ ပြောပေးတော့ depressionက ဘယ်နားကဘယ်လိုထွက်သွားလဲမသိဘူး :D
ကျေးဇူးတင်တဲ့အနေနဲ့ နောက်တစ်ပိုင်းတင်ပေးလိုက်ပါပြီရှင့် :3

Unicode Ver

၅၂။ ဇာတ်ပို့တစ်ယောက်၏ အချစ်ဇာတ်လမ်း

"မိစ္ဆာမ လမ်းပျောက်နေတဲ့ ဝိညာဉ်တွေကိုတောင် ဝါးမြိုရဲတယ်လား! ငါဆရာမင်းကို ဒီနေ့မသုတ်သင်နိုင်ရန် ဘေးသင့်ကုန်တော့မယ်"
ပယောဂဆရာက ဒေါသနည်းနည်းထွက်လာသည်။ လက်သဏ္ဌာန်အချို့ပြုလုပ်လိုက်သည့်ပြီး ရွှေရောင်အလင်းများဖြင့် ပစ်လွှတ်လိုက်သည်။ လင်းချမ့်ချမ့်ကို ထိသွားသောအခါ သူမဝိညာဉ်ပါနေသည့် အနက်ရောင်မြူခိုးများက ပါးလွှာသွားသည်။

"အား!!!"
လင်းချမ့်ချမ့်က ဒေါသတကြီးအော်လိုက်သည့်နှင့် ကျောက်ခဲတွေမှာ မြောက်တက်ကာ ပယောဂဆရာဆီ လွင့်ပျံလာသည်။ လင်းချမ့်ချမ့်က ခါးသီးစွာ
"အဖိုးကြီး ရှင်ကျွန်မကို လွန်ခဲ့တဲ့၁၀နှစ်တုန်းက သုတ်သင်ခဲ့တယ်။ အခုအဲ့ဒါအတွက် ပြန်ပေးဆပ်ရမယ်!"

"အဲ့ဒီအချိန်တုန်းက မင်းမှာအရာအားလုံးကို နောင်တရပိုင်ခွင့်ရှိသေးတယ်။ မင်းဘဝကူးနိုင်ဖို့ ငါမင်းဝိညာဥ်ကို ညှာတာပြီး အလွတ်ပေးခဲ့တာ။ ဒါတောင် မကောင်းမှုတွေဆက်လုပ်ရဲသေးတယ်။ ဒီနေ့တော့ မင်းကိုရှင်းပစ်ရမယ်! ညှာတာထောက်ထားဖို့ မလိုအပ်တော့ဘူး"
ဒီလိုပြောပြီးသည့်အခါ သူကနောက်ထပ် ဂါထာတစ်ပုဒ်ကို မန်းမှုတ်ရွတ်ဆိုလိုက်သည်။

လင်းချမ့်ချမ့်က ဒေါသထွက်သွားသည်။ ထို့နောက် သူမက ပယောဂဆရာအား လျစ်လျူရှုကာ ကျိချင်းယွမ်ကို ခုန်အုပ်သည်။ သူမလက်သည်းချွန်ချွန်များက ကျိချင်းယွမ်နှလုံးကို ဖောက်ထုတ်ရန် ချိန်ထားသည်။

ကျိချင်းယွမ်အဖေက သူ့သားအရှေ့တွင် သူ့ကိုယ်သူဒိုင်းအဖြစ် ဝင်ကာလိုက်သည်။ လင်းချမ့်ချမ့်မှာ ပိုအန္တရာယ်များပုံပေါက်လာပင်မယ့် ဒါကိုမြင်သောအခါ ချက်ချင်းအရှိန်သတ်လိုက်သည်။ သို့သော် ကျိချင်းယွမ်အဖေဆီက ထွက်ပေါ်လာသည့် ရွှေရောင်အလင်းများကြောင့် ဒဏ်ရာရသွားသည်။

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now