(၅၄)

5.5K 799 13
                                    

Unicode Ver

၅၄။ ရေခဲတုံးလိုလူ

ကျိကျင်းယန်က အေးစက်စွာ ကြည့်လိုက်သည်။
"ငါ့ဆီမှာသေရအောင် မင်းမှာဘာအခွင့်အရေးရှိလို့လဲ?"

သရဲမက လမ်းမှာတင် ပယောဂဆရာဖမ်းခံလိုက်ရပြီး သူမဝိညာဉ်မှာ ပြိုကွဲသွားတော့သည်။ သူမအသံက နာကျင်စွာဖြင့်
"ကျိကျင်းယန် ကျိကျင်းယန်! အခုတောင်မှ ငါနင့်ကို ဖက်ခွင့်မရှိပါလား"

"ငါမလုပ် . . .နိုင် . . ."
သရဲမအသံက သူမနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တိတ်ဆိတ်မှုသာ ကြီးစိုးသွားတော့သည်။

ကျိချင်းယွမ်က လင်းချမ့်ချမ့်ကို ဆေးရုံသယ်သွားရန်လုပ်သောအခါ ကျိကျင်းယန်က
"အိမ်မှာမိသားစုဆရာဝန်ရှိတယ်။ အထဲငိုခေါ်ခဲ့"

ကျိချင်းယွမ်က လင်းချမ့်ချမ့်ကိုသယ်ကာ အိမ်ထဲသို့ ငိုယိုပြီး ပြေးဝင်သွားသည်။

ကျိကျင်းယန်က သူ့သားကို နှစ်သိမ့်ပေးရန် စိတ်ကူးမရှိဘဲ ပယောဂဆရာဘက်သို့လှည့်ကာ
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး"

ပယောဂဆရာကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်ကာ
"မင်းမှာ ဒီသရဲမနဲ့ လက်ထပ်ရမယ့် ကံကြမ္မာပါခဲ့တယ်။ ဒါပင်မယ့်လည်းသူကမကောင်းမှုတွေ  အများကြီးလုပ်ခဲ့တော့ ဝဋ်လိုက်ပြီး လွဲခဲ့တာပေါ့"

"ကဲ အနောက်မှာပုန်းနေတဲ့သူတွေ အခုထွက်လာကြတော့"
ပယောဂဆရာကြီးက နဥ်ရှုနှင့် ဆုမန်ယွိတို့ ပုန်းခိုရာဘက်သို့ကြည့်ကာ ပြောသည်။

နဥ်ရှုမှာ ဒီတာဝန်ပြီးသွားလို့ အလွန်တရာပျော်ရွှင်နေလေသည်။ သူမကရှင်ကျန်နေပြီး သရဲမကိုလည်းနှိမ်နှင်းလိုက်လေပြီ။

ဆုမန်ယွိက နဥ်ရှုလက်မောင်းကိုတွဲကာ
"ကျွမ်းယုထုံ ငါ့ကိုကူဦး။ ငါ့ခြေထောကာတွေ ကျဥ်နေလို့"

ဒီကောင်မလေးကတော့!

နဥ်ရှုက ဆုမန်ယွိကိုတွဲကာ ထလိုက်ပြီးနောက် ထိုသို့လျှောက်သွားလိုက်သည်။

"ဦးလေးကျိ သမီးပါ"
ဆုမန်ယွိက  ပြောလိုက်တော့ ကျိကျင်းယန်က သူမကို လှည့်ကြည့်သည်။
"ဆုလေးပဲ"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now