(၂၇)

5.8K 923 12
                                    

Unicode Ver

၂၇။ လက်ဆောင်လဲလှယ်ခြင်း

ဆုမန်ယွိက လင်ချမ်ချမ့်ကို ကျိချင်းယွမ်က ကာကွယ်ပြောနေတာကို ကြားရတော့ သူမမျက်နှာက ပိုပျက်သွားသည်။
ခုနလေးတင်မှ ငါသေမတက် လန့်ဖြန့်လာတာ။ ကျွမ်းယုထုံကြောင့်သာ မဟုတ်ရင် လောကကြီးကို တာတာ့ပြနေရလောက်ပြီ။

လင်ချမ်ချမ့်က ကြာပန်းဖြူလေးလိုမျိုးလုပ်နေတာကို ကျိချင်းယွမ်က လိုက်ကာကွယ်ပေးနေတာ မြင်ရတော့ ဆုမန်ယွိက ဒေါသတွေ ပေါက်ထွက်လာသည်။
"ကျိချင်းယွမ် ဒါနင့်ကိစ္စ မဟုတ်ဘူး။ အခန်းထဲက ထွက်သွား!"

"ဆုမန်ယွိ နင်ဘယ်လိုလေသံနဲ့ ပြောနေတာလဲ?"
ကျိချင်းယွမ်က စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
"မင်း ပေါက်ကွဲတက်တဲ့ တစ်ခုခုများ စားလာခဲ့တာလား? ရောက်လာတာနဲ့ ဘာတွေပြောနေတာလဲ?"

နဥ်ရှုက မေးလိုက်သည်။
"ဒါက မိန်းကလေးအဆောင်နော်။ နင်က ဒီမှာဘာလုပ်နေတာလဲ?"

ကျိချင်းယွမ်က နဥ်ရှုကို ဂရုမစိုက်ဘဲ ဆုမန်ယွိကိုသာ ပြောသည်။
"လင်ချမ်ချမ့်က ငါ့ကောင်မလေးဆိုတော့ နင်သူ့ကို လေးစားမှုနဲ့ ဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်"

"ငါက ဘာဖြစ်လို့ လေးစားရမှာလဲ? သူက ဘာကောင်မကြီးမလို့လဲ? ကျိချင်းယွမ် ငါနင့်ကိုကြိုက်တာနဲ့ နင်ကြိုက်တဲ့ဟာမက ငါ့ကိုတက်နင်းလို့ရမယ်လို့ ထင်နေတာလား? နင့်ကောင်မကို လေးစားရမယ်? နင့်သောက်ကျိုးနည်း မိသားစုကြီးကိုပဲ ငါလေးစားတော့တယ်!"
ဆုမန်ယွိက သူမခုနက ခံစားခဲ့ရသည့် အကြောက်တရားတွေ အကုန်လုံးကို ထွက်ပေါက်ပေးသည့် အနေဖြင့် စအော်ဟစ်တော့သည်။

ကျိချင်းယွမ်က ဒေါသတွေဖြင့် မျက်နှာကြီး မည်းသည်းသွားသည်။
"မင်းရူးသွားပြီလား?"

ဆုမန်ယွိက မျက်လုံးကို အထက်သို့လှန်လိုက်မိသည်။ လင်ချမ်ချမ့်ကို ကြည့်ကာ ပြောသည်။
"လင်ချမ်ချမ့် နင်ဘယ်လောက်တောင် ရွံ့ဖို့ကောင်းလဲ ငါအခုမှပဲ သိတော့တယ်"

ကျိချင်းယွမ်က အခိုင်အမာရှင်းပြသည်။
"ငါဒီကိုရောက်နေတဲ့ အကြောင်းက ချမ့်ချမ့်က နင်တို့တွေကို စိုးရိမ်တယ်ဆိုလို့။ အခန်းထဲမှာ သရဲရှိတယ်ပြောလို့ ငါကျောင်းက ခွင့်ပြုချက်တောင်းပြီး တကယ်ထူးထူးဆန်းဆန်းတွေ ဖြစ်မဖြစ်ကို စောင်ကြည့်မလို့"

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now