(၁၁)

6.3K 956 16
                                    

Unicode Ver

၁၁။ အဆောင်ခန်းကို ပြန်တော့ . . . 

ကျန်းယွိယန်းထွက်သွားတဲ့အခါ ပတ်ဝန်းကျင်အပူချိန်က လျှော့ကျသွားသည်။ သူမမျက်နှာက အေးစက်နေလွန်းတော့ တစ္ဆေက သူမမျက်နှာကို လာကိုင်ပြီးလျက်နေသလားလို့တောင် သံသယဝင်လာသည်။ သူမက ဘာမှမမြင်နိုင်တော့ သူမအတွေးတွေက ရိုင်းနေပြီး ကြောက်စိတ်ကြောင့် နှလုံးခုန်သံမြန်လာသည်။

နဉ်ရှုက လက်ကလေးပိုက်ကာ အာရုံပြောင်းသွားအောင် အဆင့်မြင့်ကိုယ်ခံပညာနည်းလမ်းတွေကို စိတ်ထဲမှာ ပြန်တွေးနေသည်။
ဘာလို့အရမ်းအေးနေရတာလဲဟ?

တခြားသုံးယောက်ကလည်း ဒီယင်စွမ်းအင်တစ္ဆေနဲ့ ကြုံဖူးကြပင်မယ့်လည်း ဘယ်သူကမှ နဉ်ရှုလို မခံစားကြရဘူး။

နဉ်ရှုက အဆောင်ခန်းဆီသို့ သုတ်ခြေတင်ပြန်သည်။ သူမက တကယ်မပြန်ချင်ပင်မယ့်လည်း အဲ့ဒီဟာက သူတို့ဘယ်သွားသွား သူတို့နောက်ကို လည်လိုက်နေတော့ အဆောင်ကိုပဲ ပြန်တော့သည်။

ရှပ်. . . ရှပ်. . . ရှပ်. . .
နဉ်ရှုက သူမနောက်က လိုက်လာတဲ့ ခြေသံကို ကြားနေရသည်။ အဲ့ဒါကြောင့် သူမက အနောက်ကို ပြန်လှည့်ကြည့်မနေတော့ဘဲ အမြန်စလျှောက်တော့သည်။ သူမအရှိန်မြှင့်လျှောက်တိုင်း နောက်ကခြေသံကလည်း အမြန်လိုက်လာသည်။

ဖက်. . .
ရုတ်တရပ်ပဲ လက်တစ်ဖက်က နဉ်ရှုပုခုံးပေါ်ကို လာထိသည်။ နဉ်ရှုက ကြောက်လွန်းလို့ နှလုံးတောင် ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး အမြန်ပဲ လက်ကိုဖမ်းကိုင်ကာ ပုခုံးကိုကျော်ပြီး ပစ်ချလိုက်သည်။ ယောကျၤားတစ်ယောက်က ကြမ်းပြင်ပေါ်မှာ လဲကျသွားပြီး နာကျင်စွာ အကျယ်ကြီးအော်ကာ ညည်းညူနေသည်။

နောက်ဆုံးတော့ နဉ်ရှုက ဒီလူကို သေချာကြည့်လိုက်သည်။ ဒါက KTVမှာ သူမခြေထောက်ကို လာကိုင်နေတဲ့သူပဲ။
ငါ့နောက်ကို လိုက်လာဖို့ သတ္တိရှိနေတယ်ပေါ့?

အဲ့ဒီကောင်လေးက မျက်နှာကြီးမဲ့ရွဲ့ကာ ခါးကိုထိန်းကိုင်ရင်း ထလာသည်။ နဉ်ရှုက သူ့ရုပ်ရည်က သာမန်မှန်း မြင်လိုက်ရသည်။ ဒါပင်မယ့်လည်း သူမက လှလွန်းတဲ့ ယောကျၤားလေးတွေ မြင်ရပါများလွန်းတော့ ဒီလူကို ရုပ်ဆိုးလွန်းတယ်လို့ပဲ ခံစားမိတော့သည်။
(🍯: same hereပါ နဉ်ရှုရေ😊)

တစ္ဆေခြောက်တဲ့အဆောင်ခန်း/တစ္ဆေခြောက်တဲ့အဆောင်ခန်း(Realm~ 6)Where stories live. Discover now