ဒါလေး မဖတ်ခင် Under The Moonlight Dreamလေးကိုအရင်ဖတ်ကြပါလို့ အကြံပြုချင်ပါတယ်။ ဒါက Season 2မို့လို့ပါ
* Unicode *
𝗛𝗜𝗗𝗗𝗘𝗡 𝗠𝗘𝗠𝗢𝗥𝗬လေပြေလေညင်းတွေတိုက်ခတ်နေတဲ့ ညနေစောင်းလေး...။ အေးစိမ့်စိမ့်လေထုက သူနဖူးပေါ်က ဆံနွယ်တွေကို ကပိုကရိုဖြစ်စေပေမဲ့ သူ ဆံနွယ်တွေကို မသပ်တင်မိ။ အရှေ့က အုတ်ဂူလေးကိုသာငေးနေရင်း ပန်းစည်းလေးချလိုက်မိသည်။ ထို့နောက် ဖျော့တော့နေတဲ့အပြုံးလေးတစ်ခုနဲ့ မမကို သူနှုတ်ဆက်လိုက်သည်။
“ မမ ... မတွေ့ရတာကြာပြီပဲ ... မမသေဆုံးရတဲ့အမှုအတွက် တရားမျှတမှုရပြီးပါပြီမမ ... မမကို ကားထဲထည့်ပြီး ရေထဲပစ်ချခဲ့တဲ့သူကိုလဲ အပြစ်ပေးပြီးပါပြီ .. မမ ပြောခဲ့သလိုပဲ ဂျောင်လဲ အသေဆိုးနဲ့သေခဲ့ရတာပဲ မမ .... မမအပေါ် ကျွန်တော် မတရားခဲ့ပေမဲ့လဲ တာဝန်ကျေတယ်မဟုတ်လား ... မမ ... မမရဲ့နောက်ဆုံးအချိန်ထိ ... ကျွန်တော့်ကို စိတ်ဆိုးခြင်းမရှိဘဲ ချစ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် "
ထိုစကားအဆုံး ပါးပြင်ပေါ်ဖြတ်သန်းလာတာက မျက်ရည်ကြည်တွေ ... ။ သူ့ဘဝမှာလေ နာကျင်ရတဲ့အချိန်က လေးနှစ်လောက်ပဲရှိပေမဲ့ ထိုလေးနှစ်စာက သူ့အတွက် ငရဲတကမ္ဘာလိုကြာမြင့်လွန်းသည်။ လေးနှစ်အတွင်းမှာ အချစ်ဦးက သူ့မမနဲ့လက်ထပ်ပြီး သူ့မမကို ကိုယ်တိုင်သတ်ပစ်ခဲ့သည်။ ဒါတောင်အေးဆေးမနေ သူ့ကိုချစ်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အတင်းအဓ္မသူ့ကို သိမ်းပိုက်ခဲ့ပြန်သည်။ အဲ့လို စိတ်ဆင်းရဲမှု ဒုက္ခတွေကြားမှာ နေလာတဲ့ သူ... အချိန်တန်တော့ အချစ်ဆုံးသူကိုရှာတွေ့ခဲ့ပေမဲ့ သူ ရက်စက်ခဲ့မိတယ် ထင်သည်။ အချစ်ဦးလက်က ကာကွယ်ပေးရင်း သူ့ကြောင့်နဲ့ သေဆုံးခဲ့ရတဲ့ သူ့ရဲ့အချစ်ဆုံးလူသားလေး။
သူ မမအုတ်ဂူဘေးနားက သူ့ဟာသူဖန်တီးထားတဲ့ပြာအိုးလေးကို ကြည့်လိုက်မိသည်။
“ ဂျောင်~~ ဂျောင်ကု ~~ "
လွမ်းလွမ်းဆွေးဆွေးခေါ်ကာ သူ လက်ဖျားလေးနဲ့ ထိတွေ့မိသည်။ အသက်ရှိစဉ်ခါတုန်းက ဂျောင်ကု ဆိုတဲ့နာမည်ကို သူခေါ်ဖို့အတွက် အမြဲတွန့်ဆုတ်ခဲ့သည်။ သူအရမ်း မုန်းတီးရပါတဲ့ " ဂျောင် " ဆိုတဲ့စာလုံးကို အသံမထွက်ချင်လွန်းလို့ ကိုယ်တိုင်ပေးထားတဲ့ ဂျွန်ထယ်ဆိုတဲ့နာမည်ကိုသာ သတ်သတ်မှတ်မှတ်ခေါ်သည်။ အခုမှပြန်စဉ်းစားကြည့်ရင် .. အဲ့ကောင်လေး ဘယ်လောက်တောင် နာကျင်ခဲ့မလဲ ?? သူ့ကိုအရမ်းချစ်ပေးခဲ့ပေမဲ့ သူကတော့ ထိုကောင်လေးရဲ့နာမည်ကိုတောင် တန်ဖိုးထားပြီး မခေါ်ပေးနိုင်ခဲ့ဘူး။
YOU ARE READING
Hidden Memory【 Completed 】
Fanfiction【 COMPLETED 】Season 02 of Under The Moonlight Dream A completed Vkook Story NOTE :: Firstly Read " Under The Moonlight Dream" before this book. VOT×KOTTOM 𝐀𝐥𝐥 𝐒𝐭𝐫𝐨𝐲𝐥𝐢𝐧𝐞 𝐁𝐲 @𝐄𝐩𝐢𝐩𝐡𝐚𝐧𝐲_𝐉𝐢𝐧𝐚𝐡 𝗡𝗢𝗧𝗘 : 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢�...