Page - 1

9.1K 439 56
                                    

"ဖုန်းကိုချပြီး ထမင်းစားတော့"

"အင်း"

TaeYeon ဆော့လက်စဂိမ်းကို ရပ်ပစ်လိုက်ပြီး ဖုန်းကိုဘေးနားချလိုက်တော့ မိခင်ဖြစ်သူက ကျေနပ်သွားသလိုပုံနဲ့ ထမင်းခူးပေးတယ်။

"ဒီနေ့ရော ပုံဆွဲမှာလား စာရေးမှာလား"

ထမင်းတစ်ဇွန်းကို များများစားစား ခပ်ပြီး ပါးစပ်ထဲအရင်သွင်းတော့ သူမ ပါးတွေ ဖောင်းကားသွားတယ်။

"ပုံဆွဲရင်း စာရေးချင်လာရင် ခဲတံကိုချပြီး ဘောပင်ကောက်ကိုင်လိုက်လို့ရတာပဲ။ ဒီလိုသတ်သတ်မှတ်မှတ်ကြီး မတွေးမိဘူး"

TaeYeon ပြန်ပြောတော့ အမေကခေါင်းငြိမ့်တယ်။

"သွားပြီနော် အမေ့ချစ်သူနဲ့သေချာဒိတ်"

TaeYeon ဘေးနားမှာ အဆင်သင့်ချထားတဲ့ ကျောပိုးအိတ်အဝါရောင်ကို ကောက်လွယ်ပြီး ဖုန်းကို ဂျင်းဘောင်းဘီအိတ်ထဲ ထိုးထည့်ရင်းပြောလိုက်တယ်။

ခြံတံခါးဝက ထွက်ထွက်ချင်းမြင်လိုက်ရတာက ရှုပ်ထွေးနေတဲ့ လောကကြီးပဲဖြစ်တယ်။ ဖိနပ်ကြိုးကို TaeYeon ငုံ့ချည်လိုက်တယ်။ အဖြူရောင်ဖိနပ်ကြိုးက အမြဲထိုးသွပ်စီးတတ်လို့ ကြေမွပြီး အရောင်တောင်ညစ်နေပြီ။ အနောက်မှာကျန်ခဲ့တဲ့ အိမ်ကိုတစ်ချက်လှည့်ကြည့်ပြီး ကျောပိုးအိတ်ကြိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ထွက်လာလိုက်တယ်။

ဆံပင်ပန်းရောင်နဲ့ ကျောပိုးအိတ်အဝါလွယ်ထားတဲ့ လူကောင်သေးသေး ကောင်မလေးဟာ သူမပါပဲ။ ဒီနေ့တော့ ကျောင်းတစ်ကျောင်းဘေးက ပန်းခြံမှာထိုင်ပြီး စိတ်ကူးပေါ်ရာလုပ်ဖို့ဆုံးဖြတ်လိုက်တော့ ခြေလှမ်းတွေက ကျောင်းရှိရာကို ရှာဖွေတယ်။

ကျွန်မရဲ့ မနက်ခင်းဟာ ရှင်သာဖြစ်တယ်

ဒီနေ့ နေ့စွဲကိုတပ်ထားတဲ့ မှင်ရောင်အောက်မှာ ပထမဆုံး ရေးလိုက်တဲ့ စာကြောင်းဖြစ်သည်။

"ငါ့ရဲ့ မနက်ခင်းက ဘယ်သူလဲ"

TaeYeon ပါးစပ်က ရေရွတ်ပြီး ပြုံးလိုက်တယ်။ တကယ်တော့ သူမရဲ့ မနက်ခင်းက ဒီဗလာစာအုပ်နဲ့ ဘောပင်တစ်ချောင်းပဲ ဖြစ်တယ်။

• A Poem Titled "You" •Where stories live. Discover now