Page - 11

2.7K 338 19
                                    

ဟန်အခုထိရေးလာတာတွေအကုန် TaeYeon ဘက်က အတွေးတွေပါ။ ဟန်ထည့်ရေးနေကျ စာပိုဒ်လေးတွေကတော့ random ပါ။ သူတို့နှစ်ယောက်နေရာကနေလဲ ဖြစ်နိုင်သလို အခြားနေရာကလဲဖြစ်နိုင်တယ်။ ဒါလေးသိထားပေးပါ။ 💛

A Poem Titled "You"

ဘဝမှာ ကြယ်သီးလှလှတွေကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ အဲ့ကြယ်သီးကို တစ်ခုချင်းစီ ခပ်ဖြည်းဖြည်းဖြုတ်နေတဲ့ လက်ချောင်းတွေကတော့ TaeYeon အတွက်အလှဆုံး။

ဘဝမှာ ကြယ်သီးလှလှတွေကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ အဲ့ကြယ်သီးကို တစ်ခုချင်းစီ ခပ်ဖြည်းဖြည်းဖြုတ်နေတဲ့ လက်ချောင်းတွေကတော့ TaeYeon အတွက်အလှဆုံး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရေစက်လား ဖူးစာလား သူမမသိဘူး။ မြတ်နိုးမှုကိုတော့ခံစားလို့ရတယ်။ ပြောဖူးခဲ့သလိုပဲ ... Tiff ကခေါင်းစဉ်ဆို Runo က သူ့အရိပ်မှာပဲ ရှင်သန်နေချင်တဲ့ ကဗျာစာကြောင်းတွေလို မိန်းကလေးမျိုး။

ညှပ်ရိုးတွေကို ခပ်ဟဟငေးနေတော့ Tiff က TaeYeon ကို သေချာစိုက်ကြည့်နေတယ်။ TaeYeon ချိတုံချတုံပဲ သူမရဲ့အင်္ကျီကိုအမြန်ဆွဲချွတ်လိုက်တယ်။ ဟော်တယ်အခန်းထဲမှာ မီးရောင်က ခပ်ပြပြလေး။ ဒီအချိန်မှာ More Than Words သီချင်းကိုကြားချင်လာတယ်။

"မင်းအသားအရည်ကို တို့တကယ်သဘောကျတာ Runo"

လစ်ဟာသွားတဲ့ ရင်ဘတ်ကိုကြည့်ပြီး Tiffက စကားဆိုတယ်။ ဒီအကြည့်ရဲရဲတွေကို TaeYeon သဘောသိပ်တွေ့တာလို့ပြောရင်ယုံ။

"ကျွန်မရောပဲ ရှင့်ရင်ဘတ်ကိုသဘောကျတယ်"

သူ့ရင်ဘတ်ကို မဝံ့မရဲကြည့်ပြီး လက်ညှိုးပါအဆစ်ထိုးပြပြီးပြောလိုက်တော့ Tiffany ကကြောင်ကြည့်နေတယ်။ ပြီးမှ ဟက်ခနဲရယ်ချတယ်။

"ဘယ်လို? Haha.."

TaeYeon တော့ ဒီညကို ဘယ်လိုမေ့ရပါ့မလဲ။ သိလား... Amsterdam ညခင်းမှာ အပေါ်ပိုင်းဗလာနဲ့မိန်းမက မျက်ခွံတွေကွေးသွားတဲ့ထိရယ်မောလိုက်တာ TaeYeon ကြောင့်တဲ့။ စောင်ပုံကြားထဲ သူမတို့တိုးဝင်လိုက်တယ်။ TaeYeon သူ့အပေါ်မှာတက်ထိုင်လိုက်ပေမယ့် ဘာဆက်လုပ်ရမလဲမသိဘူး။ Tiffany ကတော့ TaeYeon ကိုပဲငေးကြည့်နေတာ။ သူလဲဘာမှမလုပ်ဘူး။

• A Poem Titled "You" •Where stories live. Discover now