Page - 19

2.4K 297 1
                                    

မနေ့ညက စာအုပ်ဖတ်ရင်း ပန်းခြံခုံတန်းပေါ်က မိန်းကလေးကို ခဏခဏတွေးမိနေသည်။ စားပွဲခုံမှာ ငိုင်နေပြီး ထိုင်ခဲ့တာ တစ်နာရီနီးပါးပင်ဖြစ်သည်။ အခုအရွယ်ရောက်မှတော့ ဒါ အချစ်ဖြစ်နိုင်ပါ့မလား။ ညီမလေးလို ၊ တူမလေးလို ခင်တွယ်တာရောဖြစ်နေမလား။ ဒါပေမယ့် အရောင်တွေကိုခြယ်ကြည့်ပါလျှင် အဖြူရောင်ဟာ အနည်းဆုံးအဖြစ်ပါဝင်နေပါသည်။

Tiffany က လွန်ခဲ့တဲ့လေးနှစ်ကမှ ဆိုးလ်ကိုပြောင်းလာခဲ့ခြင်းဖြစ်သည်။ မေမေက Tiffany ပြောင်းလာပြီး 2 နှစ်အကြာမှာဆုံးပါးခဲ့သည်။ America မှာနေခဲ့တဲ့သူမဖို့ မေမေတို့ပတ်ဝန်းကျင်က မျက်လုံးတွေကို အထူးဂရုစိုက်ခဲ့ရသည်။

Jin Tauk နဲ့ ဆုံရသည့် မေမေ့စျာပနဟာ ပျော်စရာအတိမရှိတာ အသိသာပင်။ Tiffany မျက်ရည်ကိုထိိန်းပြီး လက်တွေကို တင်းတင်းဆုပ်ထားပေမယ့် နှုတ်ခမ်းတွေတုန်ယင်နေခဲ့တာကိုတောင် ထိန်းခဲ့လို့မရ။ ဖေဖေ့သဘောဟာ တစ်ဦးတည်းကျန်ခဲ့မည့် သူမ အဖြစ်ကို မလိုချင်သည့်ပုံစံ။ ငယ်စဉ်တည်းက ကျောင်းဆရာမ ဖြစ်ချင်သည့် သူမက အထက်တန်းပြီးတည်းက မေမေ့အကူညီနဲ့ America ကိုသွားကာ ကျောင်းဆက်တက်ခဲ့သည်။ တကယ်ကြိုးစားခဲ့တဲ့သူမဟာ ဟိုမှာပဲ ခပ်မြင့်မြင့်ရာထူးကို လက်ခံလို့ရပါလျက် ဒီကိုပဲပြန်လာဖြစ်ခဲ့သည်။

Irene က ဖေဖေ့ညီမရဲ့ မြေးဖြစ်ပြီး Tiffany ရဲ့ တူမဖြစ်သည်။ ဖေဖေဆုံးပြီးတော့ သိပ်မကြာခင်မှာပဲ သူမနဲ့အတူလာနေပေးခဲ့တာ လေးနှစ်ရှိပြီဖြစ်သည်။

"တီလေး မနက်စာရော"

"ဒီနေ့ အရေးကြီးတဲ့ test တွေရှိလို့ ကျောင်းမှာပဲဝယ်စားလိုက်နော် irene"

ထိုနေ့က Tiffany အလုပ်ရှုပ်နေခဲ့ပါသည်။ မှတ်မိအောင်ပြောရလျှင် Runo နှင့်ထပ်ဆုံရသည့် နောက်တစ်နေ့ပင်။ မနက်ပိုင်းမှာတင် အနုပညာအတန်းအတွက် လိုအပ်သည့်ပစ္စည်းများအား စာရင်းကောက်ယူရင်း ဗျာများခဲ့ရပြီး နံနက်ဆယ်နာရီခန့်ထိ သူမ မနက်စာမစားရသေး။ လက်ပတ်နာရီကိုကြည့်တော့ မနေ့က မိန်းကလေးကိုတွေ့သည့်အချိန်ပင်ရောက်နေသည်။ နေ့လည်စာစားချိန်မှာတောင် သူမ အစည်းအဝေးခန်းထဲ စာရွက်တွေနဲ့အလုပ်ရှုပ်နေတုန်း။ တောက်တိုမယ်ရခိုင်းဖို့ သင်္ချာဆရာခေါ်ထားသည့်ကောင်လေးကတော့ နေ့လည်စာဝယ်ပေးရမလားဟု မေးလာပေမယ့် ငြင်းထားလိုက်သည်။ ပန်းခြံနားက ဘာဂါဆိုင်က ကောင်းသည်လေ။

• A Poem Titled "You" •Where stories live. Discover now